စိုင်ပြင်ရဲစခန်းကို PDF စီးနင်းသိမ်းပိုက်၊ စခန်းမှူးက မိသားစုနှင့် ဒဏ်ရာရ စစ်သား တွေကို ပစ်ထားခဲ့ပြီး ထွက်ပြေး

မေ ၁၉၊၂၀၂၆

Zalen

Zalen ad

စစ်ကိုင်းတိုင်း ၊ရွှေဘိုခရိုင်အတွင်းရှိ စိုင်ပြင်မြို့နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ရာစခန်းမှူးက မိသားစုနှင့် ဒဏ်ရာရ စစ်သားတွေကို ပစ်ထားခဲ့ပြီး ထွ က်ပြေး သွားတယ်လို့ အမှတ်-၁ ၊ရွှေဘိုခရိုင်၊ပြည်သူ့ကာ ကွယ်ရေးတပ်မတော်က မေလ ၁၈ မှာထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ စစ်ဆင်ရေးကို မေလ ၁၄ ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပြီး မေလ ၁၆ ရက် နံနက် မှာ စခန်းတခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အမှတ် (၁) ရွှေဘိုခရိုင်စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်သည်အင်အား (၆၀) ဦးဖြင့် လက်ဦးမှုရယူကာ ဝင်ရောက်စီးနင်းခဲ့ရာစစ်‌ ကောင်စီဘက်က ၁၁ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ တိုက်ပွဲအတွင်း စိုင်ပြင်စခန်းမှူး ဒုရဲအုပ်ဝင်းဇော်အောင်က သူ့ရဲ့ကွပ်ကဲမှုအောက်ရှိ ဒဏ်ရာရရဲဘော်များနှင့် (၅) နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင်များကို စစ်မြေပြင်မှာ စွန့်ပစ်ကာ ကိုယ်လွတ် ရုန်းထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီနောက် PDF တပ်ဖွဲ့ဝင်များက စစ်ကောင် စီတပ်ရဲ့ ခံစစ်ကုန်းများနှင့် စခန်းအဆောက်အဦ တွေကိုအပြီးအပိုင် ရှင်းလင်းဖျက်ဆီးပြီးနောက် ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကိုတော့ ပြည်သူလူထုအား တတ်စွမ်းသမျှ ကာကွယ်စောင့်ရှောက်ရန်နှင့် လုံခြုံရေးအာမခံချက်များပေးနိုင်ရန် စစ်ကောင်စီရဲ့ အထိုင်စခန်း တွေကို ဖြိုခွင်းရန် ဆင်နွှဲခဲ့တဲ့ “Operation OTT” စစ်ဆင်ရေးအနေနဲ့ဖော်ဆောင်တာလို့ သိရပါတယ်။

သတင်း – အညာသား

နောက်ဆုံးရသတင်းများ

စပိန်အဆင့်မြင့်တရားရုံးက အဆိုတော် ရှာကီရာကို အခွန်ရှောင်မှုစွပ်စွဲချက်တွေ ကင်းလွတ်ခွင့်ပြု

မေ ၁၉၊၂၀၂၆ Zalen ကမ္ဘာကျော် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) အပေါ် ၂၀၁၁ ခုနှစ်က အခွန်ရှောင်ခဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားမှုကို စပိန်အဆင့်မြင့်တရားရုံးက ပယ်ဖျက်ကာ အမှုမှ ကင်းလွတ်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ စပိန်နိုင်ငံရဲ့ လက်ရှိဥပဒေအရ ...

ဆက်ဖတ်ရန်