မက်ဂရီဂေါ်နဲ့ မက်စ် ဟော်လိုဝေးတို့ ၁၃ နှစ်အကြာ ပြန်လည်တွေ့ဆုံမယ့် UFC 329 ပွဲစဉ် ဇူလိုင် ၁၁ ရက်မှာ ကျင်းပမယ်

ဇူလိုင် ၉ ၊ ၂၀၂၆

Zalen

Zalen ad

ပရိသတ်များ စောင့်မျှော်နေကြတဲ့ MMA စူပါစတားနှစ်ဦးဖြစ်ကြတဲ့ Conor McGregor နဲ့ Max Holloway တို့ရဲ့ ဒုတိယအကြိမ် ပြန်လည်တွေ့ဆုံမယ့် UFC 329 ပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ T-Mobile Arena တွင် ဇူလိုင်လ ၁၁ ရက် စနေနေ့ညပိုင်းမှာ ကျင်းပသွားပါမယ်။

အဓိကပွဲစဉ် Main Card ကို အရှေ့ပိုင်းအမေရိကန်စံတော်ချိန် ည ၉ နာရီတွင် စတင်မှာဖြစ်ပြီး မြန်မာစံတော်ချိန်အရ ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းတွင် ကြည့်ရှုရမှာဖြစ်ပါတယ်။

ယခုပွဲဟာ UFC ရဲ့ International Fight Week အတွင်း ကျင်းပမယ့် အကြီးမားဆုံးပွဲစဉ်များထဲမှ တပွဲဖြစ်ပြီး၊ ငါးနှစ်နီးပါး Octagon နဲ့ ဝေးကွာနေခဲ့တဲ့ မက်ဂရီဂေါ်ရဲ့ UFC ပြန်လည်ဝင်ရောက်ထိုးသတ်တဲ့ ပထမဆုံးပွဲ လည်း ဖြစ်ပါတယ်။

မက်ဂရီဂေါ်နဲ့ ဟော်လိုဝေးတို့ဟာ ၂၀၁၃ ခုနှစ်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ဖူးပြီး ထိုစဉ်က မက်ဂရီဂေါ်က ဒိုင်အဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲအပြီး ၁၃ နှစ်အကြာမှာ ဟော်လိုဝေးက လက်စားချေရန် အခွင့်အရေးရရှိလာသလို၊ မက်ဂရီဂေါ်အတွက်လည်း ၎င်းရဲ့ ပြန်လည်လာရောက်မှုကို သက်သေပြရမယ့် အရေးပါသောစမ်းသပ်မှုတခု ဖြစ်လာပါတယ်။

အသက် ၃၈ နှစ်အရွယ် မက်ဂရီဂေါ်ဟာ UFC သမိုင်းတွင် Featherweight နဲ့ Lightweight ချန်ပီယံခါးပတ် နှစ်ခုစလုံးကို ကိုင်ဆောင်ခဲ့ဖူးတဲ့ ပထမဆုံးတိုက်ခိုက်ရေးသမားဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်က ဒတ်စတင် ပေါရီယာနဲ့ ထိုးသတ်စဉ် ခြေထောက်ဒဏ်ရာရရှိပြီးနောက် Octagon နဲ့ ဝေးကွာနေခဲ့ရပါတယ်။

တဖက်မှာ ဟော်လိုဝေးကတော့ UFC Featherweight သမိုင်းမှာ အအောင်မြင်ဆုံးတိုက်ခိုက်ရေး သမားများ ထဲမှ တဦးအဖြစ် သတ်မှတ်ခံထားရပြီး အတွေ့အကြုံ၊ ခံနိုင်ရည်နဲ့ လက်ရည်စွမ်းတို့ကြောင့် ယခုပွဲတွင် အသာစီးရနိုင်သူအဖြစ် ခန့်မှန်းခံနေရပါတယ်။

ယခုပွဲစဉ်ဟာ MMA ပရိသတ်များအတွက် ၂၀၂၆ ခုနှစ်အတွင်း အမျှော်လင့်ဆုံးပွဲများထဲမှ တပွဲဖြစ်ပြီး၊ မက်ဂရီဂေါ်က ၁၃ နှစ်အကြာတွင် ဟော်လိုဝေးကို ထပ်မံအနိုင်ယူနိုင်မလား၊ သို့မဟုတ် ဟော်လိုဝေးက လက်စားချေနိုင်မလားဆိုတာကို ကမ္ဘာတဝန်းရှိ UFC ပရိသတ်များက စိတ်ဝင်တစား စောင့်ကြည့်နေကြပါ တယ်။

သတင်း – Mickey

#MMAစူပါစတား #UFC329 #ConorMcGregor #MaxHolloway #Zalen

နောက်ဆုံးရသတင်းများ

အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်နဲ့ ဝန်ကြီးများရုံးသွားရင် ဖုန်းနဲ့ ဘောပင်အပါအဝင် ပစ္စည်း ၁၀ မျိုး ယူဆောင်ခွင့်မပြု

ဇူလိုင် ၉၊ ၂၀၂၆Zalen လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန်မြို့က အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ ဝန်ကြီးများရုံးတို့ဆီ လာရောက်ကြမယ့် ပြည်သူတွေကို ဖုန်းအပါအဝင် ကန့်သတ်ပစ္စည်း ၁၀ မျိုး ယူဆောင်ခွင့်ပြုမှာ ...

ဆက်ဖတ်ရန်