ကုလားတန်စီမံကိန်း အရှိန်မြှင့်ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် တိုက်တွန်း

ဇူလိုင် ၁၀၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ယခင်က ရပ်တန့်ထားရာမှ ပြန်လည်စတင်နေပြီး၊ ပိုမိုအရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားပါတယ်။

ဇူလိုင် ၉ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနဲ့ ကုလားတန်စီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ၎င်းက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

အစည်းအဝေးမှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က စီမံကိန်းတွေရဲ့ နောက်ခံသမိုင်းကြောင်း၊ လက်ရှိတိုးတက်မှုအခြေအနေတွေ ရပ်တန့်ခဲ့ရတဲ့အကြောင်းရင်းတွေနဲ့ ပြန်လည်စတင်နေတဲ့ အခြေအနေတွေကို အသီးသီးတင်ပြခဲ့ကြပါတယ်။

Zalen ad

အဓိက တင်ပြချက်တွေမှာ စစ်တွေ ကုလားတန်ဆိပ်ကမ်းရဲ့ လက်ရှိအခြေအနေ၊ ကုန်စည်သယ်ယူပို့ဆောင်နိုင်မှု၊ ပလက်ဝ-ဇိုရမ်ပူရ် နှစ်လမ်းသွားလမ်းဖောက်လုပ်ရေးနဲ့ အာရှလမ်းမကြီး AH-1 လမ်းကြောင်းနဲ့ ချိတ်ဆက်နိုင်မယ့် အခြေအနေတွေ ပါဝင်ပါတယ်။

နယ်စပ်ဂိတ်တွေ စီမံခန့်ခွဲရေးနဲ့ပတ်သက်၍ နှစ်နိုင်ငံအစိုးရများသာ အဓိကတာဝန်ယူ ဆောင်ရွက်ရမှာဖြစ်ပြီး အခြားနိုင်ငံ သို့မဟုတ် အဖွဲ့အစည်းတွေ ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း စစ်ခေါင်းဆောင်က အလေးပေးပြောကြားခဲ့ပါတယ်။

စီမံကိန်းတွေ ပြန်လည်စတင်နေပြီဖြစ်တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ ပူးပေါင်း၍ အရင်ထက်ပိုမိုအရှိန်အဟုန်နဲ့ ပြီးစီးအောင် ဆောင်ရွက်သွားဖို့ ၎င်းက တိုက်တွန်းခဲ့ပါတယ်။

သတင်း-ဆလိုင်း

#ကုလားတန်စီမံကိန်း#အရှိန်မြှင့်#စစ်ခေါင်းဆောင်မင်းအောင်လှိုင်#Zalen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့တွင် အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းများမြင့်တက်

ဇူလိုင် ၁၀၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဒေသခံများ စစ်ဘေးရှောင်ရာမှနေရပ်ပြန်လာပြီးနောက် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်သေးပေမယ့် ဆန်ဈေးနှုန်းများ စစ်ဘေးမရှောင်မီကာလကထက် သိသိသာသာ မြင့်တက်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ လက်ရှိတွင် ကလေးမြို့မှ တင်သွင်းလာတဲ့ ARB ကော်ချက်ဆန် ...

ဆက်ဖတ်ရန်