ဖလမ်းမြို့မှာ နိုင်လွန်ကတ္တရာစခင်းပြီ

 

ကလေးဘက်မှ ဖလမ်းမြို့အဝင် ကြိုဆိုပါ၏ဆိုင်းဘုတ်ကနေ ဟားခါးဖက်အထွက် တလန်လိုရပ်ကွက်ထိခင်းမှာဖြစ်ပါတယ်။

ဖလမ်းမြို့မှာ နိုင်လွန်ကတ္တရာစခင်းပြီ
ဖလမ်းမြို့တွင်း ဗိုလ်ချုပ်လမ်းမကြီး နိုင်လွန်ကတ္တရာ ခင်းခြင်းကို မတ်လ ပထမပတ်ကနေစတင်ဆောင်ပြီး အခုချိန်မှာ တစ်ဝက်ပြီးနေပြီလို့သိရပါတယ်။
နိုင်လွန်ကတ္တရာခင်းဖို့ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်တွင် ကျပ်သန်း (၇၇၅ ဒသမ ၂၅၇)ကျပ်လျာထားပြီး ဒီနှစ် မိုးမကျခင်းပြီးစီးမယ်လို့ ဖလမ်းမြို့နယ် ဆောက်လုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
ဖလမ်းမြို့နယ်ဆောက်လုပ်ရေးဦးစီးဌာန တာဝန်ရှိသူ ဒေါ်ဆွေငွန်တီရယ်က “မိုးမကျရင်တော့ နှစ်လအတွင်းပြီးမယ်။ အခု နိုင်လွန်ကတ္တရာကို နှစ်ထပ်နဲ့ခင်းမှာဆိုတော့ အခုက တစ်ထပ်ပဲခင်းသေးတယ်။ နှစ်မိုင်ခင်းဖို့ အခု တစ်မိုင်ကျော်ကျော်ပြီးနေပြီ”လို့ပြောပါတယ်။
ကလေးဘက်မှ ဖလမ်းမြို့အဝင် ကြိုဆိုပါ၏ဆိုင်းဘုတ်ကနေ ဟားခါးဖက်အထွက် တလန်လိုရပ်ကွက်ထိခင်းမှာဖြစ်ပါတယ်။
နိုင်လွန်ကတ္တရာ တစ်ထပ်တွင် တစ်လက်မခွဲ ခင်းမှာဖြစ်ပြီး ဒုတိယထပ်ကိုလည်း တစ်လက်မခွဲခင်းမှာဖြစ်ပါတယ်။ အကျယ်ကတော့ ပေ(၂၀)ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ နိုင်လွန်ကတ္တရာကို ဟားခါးမြို့မှာ စခင်းပြီး ဒီနှစ်မှာ ဖလမ်းမြို့အပြင်၊ ဟားခါးမှာ (၃)မိုင်၊ ထန်တလန်မှာ(၁ မိုင်)၊ တီးတိန်မှာ (၁ မိုင်ခွဲ)၊ နဲ့ မင်းတပ်မြို့မှာ(၁ မိုင်) နိုင်လွန်ကတ္တရာခင်းမှာဖြစ်ပါတယ်။ မြို့(၅)မြို့အတွက် နိုင်လွန်ကတ္တရာ ခင်းဖို့ ကျပ်သန်း ၄၆၇၈ ဒသမ ၂၅၇ လျာထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ AA ရဲ့ စစ်သားစုဆောင်းမှုကြောင့် ဒေသခံတွေ တောလမ်းမှ အသက်လုထွက်ပြေးနေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ နေရပ်စွန့်ခွာပြီး တောလမ်းတွေကတဆင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြ ပါတယ်။ AA ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ...

ဆက်ဖတ်ရန်