မကြာမီ ဖလမ်းမြို့မှာ လူထုအခြေပြု FM ရေဒီယို စတင်ထုတ်လွှင့်မယ်

 

IMS-FOJO မွ Mr.Peken Christopher George (Photo: Iprd Falam)

မကြာမီ ဖလမ်းမြို့မှာ လူထုအခြေပြု FM ရေဒီယို စတင်ထုတ်လွှင့်မယ်

ဖလမ်းမြို့မှာ IMS-FOJO နဲ့ပူးပေါင်းပြီး လူထုအခြေပြု FM ရေဒီယို ကို မကြာခင်စတင်ထုတ်လွှင့်တော့မယ်လို့သတင်းရရှိပါတယ်။

ယင်းအတွက် ဖလမ်းမြို့မှာ ဧပြီ(၂၅)ရက်မှ မေလ (၁)ရက်နေ့အထိ IMS-FOJO က Broadcasting Journalism သင်တန်းပေးနေပါတယ်။

Zalen ad

ဖလမ်းမြို့ရှိ YCC ခန်းမကို အခမဲ့ငှားရမ်းပေးပြီး IMS-FOJO က ပစ္စည်းကိရိယာနဲ့ သင်တန်းတွေသာကူညီပံ့ပူးပေးပါမယ်။

ဖလမ်း FM မှတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဆလိုင်းငယ်ပီးက “ဒီနေ့ ရန်ကုန် IMS-FOJO ရုံးမှာ နားလည်မှုစာချွန်လွှာလက်မှတ်ထိုးကြတယ်။ မနက်ဖြန် ဖလမ်းကိုပြန်ရင် စတီဒီယိုအတွက်လိုအပ်မယ့်ပစ္စည်းတွေလည်းတစ်ခါထဲသယ်သွားမယ်။ သူတို့က အနည်းဆုံး လူ (၁၅)ယောက်ရှိမှ စလို့ရမယ်ဆိုပြီးသတ်မှတ်ထားတယ်။ ဒါပေမယ့် ကျနော်တို့မှာ သင်တန်းသားက (၈)ယောက်ပဲရှိတယ်။ ဒါကြောင့် သင်တန်းတွေထပ်လုပ်ဖို့ရှိတယ်။ သူတို့က စက်တပ်ဆင်ဖို့နဲ့ဆို ဇွန်လလောက်မှစဖို့ပြောပေမယ့် နောက်ပတ်ကနေစပြီး အသံလွှင့်နိုင်အောင်ကြိုးစားမယ်။ အဓိက ထုတ်လွင့်ရမယ့်နေရာတွေကတော့ Facebook မှာ Falam FM ဆိုတဲ့ Page လေးထောင်ပြီးတော့ soundcloud နဲ့ တစ်နေ့ တစ်နာရီစာထုတ်မယ်။ နောက်ပိုင်း application လုပ်တာပြီးသွားရင် အဲ့နေရာကနေလည်း နားထောင်လို့ရမယ်” လို့ဆိုပါတယ်။

Falam FM radio အတွက် လက်တွေ့သင်ကြားနေစဉ်(Photo: IMS-Fojo in Myanmar)

ထုတ်လွင့်မယ်အစီအစဉ်ကတော့ သတင်း၊ လူထုအသံ၊ သီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ တွေ့ဆုံမေးမြန်းခန်းတွေဖြစ်ပါတယ်။

Falam FM ဟာ ချင်းပြည်နယ်မှာ သုံးခုမြောက် လူထုအခြေပြုရေဒီယိုဖြစ်ပြီး တခြား လူထုအခြေပြု ရေဒီယိုတွေကတော့ တီးတိန်မြို့အခြေစိုက် Phualva FM, တီးတိန်မြို့နယ် ထုတ်လိုင်ရွာအခြေစိုက် Heisa FM တို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူထုအခြေပြုရေဒီယိုဟာ ရန်ကုန်မြို့ ထန်းတပင်မြို့နယ်နဲ့ ဒေးဒရဲမြို့နယ်မှာ တစ်ခုစီရှိပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်