ရန်ကုန်မြို့ကနေ ၄ရက်ကြာပျောက်ဆုံးတဲ့ချင်းအမျိုးသမီး ဘားအံ့သို့ယောကျ်ားနောက်လိုက်

ရန်ကုန်မြို့ကနေ ၄ရက်ကြာပျောက်ဆုံးတဲ့ချင်းအမျိုးသမီး ဘားအံ့သို့ယောကျ်ားနောက်လိုက်

ကလေးမြို့နယ် ကနေ ရန်ကုန်မြို့တွင် ဖခင်လူနာစောင့်ဖို့ရောက်လာတဲ့ မရိစလင်ဟာ မေလ ၃ ရက်မနက်မှာ နေအိမ်ကနေအပြင်ထွက်ရာက ပြန်မလာတော့ပဲ ဒီမနက်မှာ ဘားအံ့သို့ယောကျ်ားနောက်လိုက်သွားတယ်လို့ မိဘတွေဆီဖုန်းနဲ့ဆက်သွယ်ပြောကြားပါတယ်။

မရိုစလင်(၁၉ နှစ်)ရဲ့ ဖခင်က “ဒီမနက်မှာ သမီးက ဖုန်းနဲ့ ဘားအံ့မှာ ယောကျ်ားနောက်လိုက်သွားတယ်လို့ပြောတယ်။ အဲ့မတိုင်ခင်တော့ သူသေပြီလို့ပဲယူဆတာ။ တက္ကသိုလ်တက်တုန်းဆိုတော့ သူ့မှာရည်းစားရှိ၊ မရှိမပြောရဲတာလည်းဖြစ်မယ်။ သူ့ယောကျ်ားရဲ့ အစ်ကိုတွေက ဘားအံ့မှာရှိတယ်။ သူတို့အိမ်မှာပဲနေကြတယ်တဲ့။ ယောကျ်ားက (၂၂ နှစ်)ရှိတယ်။ ပန်းရံလုပ်တယ်တဲ့။ မိဘတွေကတော့ ဖြူးမြို့မှာနေတယ်တဲ့” လို့ပြောပါတယ်။

မရိုစလင်ဟာ ကလေးတက္ကသိုလ်မှာ ဒုတိယနှစ်ကျောင်းသူဖြစ်ပြီး ဧပြီ (၂၉)ရက်မှာ ရန်ကုန်ရောက်လာပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်