ပလက်ဝမြို့အနီး သုံးရက်ဆက်တိုက် လက်နက်ကြီးနဲ့ပစ်ခတ်

ပလက်ဝမြို့အနီး သုံးရက်ဆက်တိုက် လက်နက်ကြီးနဲ့ပစ်ခတ်

ပလက်ဝမြို့ရဲ့ အနောက်တောင်ဒေါင့် လေမိုင်နဲ့ ၅ မိုင်အကျော်လောက်မှာ ဇွန်လ ၁၅ ရက်ကစပြီး ၁၇ ရက်ထိ ပလက်ဝ တပ်စခန်းမှ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်သံကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ခဝဲရွာသားတစ်ဦးက “ဒီနေ့ ကလေးတွေ နေ့လည်းကျောင်းတက်ပြီးလောက်ကစပစ်ကြတယ်။ ပြီးတော့ ၂ နာရီခွဲလောက်မှာအသံပြန်တိတ်တယ်။ ကျနော်တို့ကတော့ လက်နက်ကြီးသံတွေပဲကြားနေရတယ်။ ဖြစ်တဲ့နေရာက ရွာနဲ့ ပလက်ဝကြား ဆူပုတ်တောင်မှာလို့သိရတယ်။ လက်နက်သံတွေကြားလို့ကြောက်ရင်လည်း ဘယ်မှပြေးစရာမရှိတာ။ ပလက်ဝသွားမယ်ဆိုရင်လည်း ကြားမှာဖြစ်တယ်ဆိုတော့ ဒီတိုင်းနေရတော့မှာပေါ့” လို့ပြောပါတယ်။

ခဝဲရွာဟာ အိမ်ခြေ တစ်ရာကျော်ရှိပြီး အနီးအနားမှာ ကျေးရွာတွေလည်းရှိပါသေးတယ်။
ပလက်ဝမြို့ တပ်စခန်းကနေ ဇွန်လ (၁၅)ရက် ညနေ ၃ နာရီကစပြီး ဆူပုတ်တောင်ဘက်ကိုလက်နက်ကြီးနဲ့စထုနေတာဖြစ်ပါတယ်။

Zalen ad

“လက်နက်ကြီးအသံတွေက ရိုးတောင်ရိုးနေပြီ။ အရင်ကတော့ ညဘက်မှာလည်းပစ်တော့ အိပ်လို့မပျော်ဘူး။ အခုတော့ ညတော့မပစ်တော့ဘူး။ လဆန်းတုန်းက မြို့ရဲ့ အနောက်ဘက်မှာ ၇ မိုင်လောက်မှာတိုက်ပွဲဖြစ်တယ်။ အခု အနောက်တောင်ဘက်မှာ နီးနီးလေးမှာထပ်ဖြစ်တယ်။ ဒီနေ့လည်း ၂ နာရီကြာပစ်တဲ့ချိန်မှာ အလုံး ၁၀ ချက်လောက်ပစ်တယ်။ ပတ်လည်ဝိုင်းထားသလိုဖြစ်တော့ ဘယ်ချိန်မှာ မြို့ထဲကိုသူတို့ဝင်လာမလဲဆိုပြီး စိုးရိမ်ရတာပေါ့” လို့ ပလက်ဝမြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဇွန်လ ၁၆ ရက်တွင်လည်း ညနေ ၃ နာရီကစပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်