တမူးမြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ဗုံးပေါက်ကွဲမှုဖြစ်ပွားတဲ့နေအိမ်

တမူးမြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ အိန္ဒိယနယ်စပ်မှာရှိတဲ့ တမူးမြို့တွင် ဇွန်လ ၁၈ ရက် ည ၉း၃၄ အချိန်တွင် ဗုံးတစ်လုံးပေါက်ကွက်သွားတယ်သတင်းရရှိပါတယ်။

တမူးမြို့စော်ဘွားအင်း(၈/က)ရပ်ကွက်၊ သစ်ခွလမ်းသွယ် နဲ့ ခရေလမ်းသွယ်(၁)နေထိုင်တဲ့ ချင်းလူမျိုး ဦးရန်ကျော်(နေအိမ်တွင်မရှိ) (၄၄)နှစ် ရဲ့ နေအိမ်ခြံစည်းရိုး၌
ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့်နေအိမ်ခြံစည်းရိုးတွင်ကာရံထားသော(၂”x၁”)
သစ်သားခြံစည်းရိုး(၅)ပေခန့် ကျိုးပဲ့ပျက်စီးခဲ့ပြီးခြံစည်းရိုးဒေါင့် ပိန္နဲပင်ခြေရင်းတွင် အနက်(၅)လက်မခန့် အကျယ်(၁)ပေခန့် ကျင်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး နေအိမ်အောက်ထပ်ပြူတင်းပေါက် တံခါး(၁)ရွက်ကျိုးပဲ့ ပျက်စီးခဲ့ပြီးလူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာ မရရှိကြောင်းသိရှိရပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဦးရန်ကျော်သည်နေအိမ်တွင်မရှိပဲ အိမ်အတွင်း၌
၎င်း၏ဇနီးဖြစ်သူဒေါ်ဆိုဖီနိုင်နဲ့ သမီးဖြစ်သူ ဇူးဇူး တို့(၂)ဦးသည်နေအိမ်အတွင်း၌ရှိနေခဲ့ကြောင်း၊
ပေါက်ကွဲမှုမဖြစ်ပွားခင်၌ တမူးမြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း၊
ပေါက်ကွဲမှုမဖြစ်ပွားမီ ဆိုင်ကယ်သံများကြားရပြီး ခြံစည်းရိုးအနီးသို့ရောက်ရှိ၍
ဆိုင်ကယ်များပြန်လည်မောင်းနှင်ထွက်သွားပြီး နောက်(၅)မိနစ်ခန့်အကြာတွင်
ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

Zalen ad

ဦးရန်ကျော်အိမ်အနီးမှာနေထိုင်သူတစ်ဦးက “ပေါက်ကွဲမှုဖြစ်တဲ့ချိန် မြေကြီးတွေတုန်ခါသွားတာပဲ” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်