တိုက်ပွဲကြောင့် ပလက်ဝ – အိန္ဒိယ ကားလမ်းဖောက်လုပ်မှု ရပ်နား

ပလက်ဝမြို့ကနေ ကုလားတန်မြစ်တဖက်ကမ်းက ပလက်ဝ – ဇိုရမ်ပွီး ကားလမ်းမကြီးဖောက်လုပ်နေတာ တွေ့ရစဉ် (ဓာတ်ပုံ – Salai Lal Nun Uk)

တိုက်ပွဲကြောင့် ပလက်ဝ – အိန္ဒိယ ကားလမ်းဖောက်လုပ်မှု ရပ်နား

ပလက်ဝမြို့နယ်တွင် တပ်မတော်နဲ့ အေအေလက်နက်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်ဝမှ အိန္ဒိယ ဇိုရမ်ပွီးကြားကားလမ်းဖောက်လုပ်မှုကို ဇွန်လ ဆန်းကစပြီး ယာယီရပ်နားထားပါတယ်။

ယင်းစီမံကိန်းဟာ မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးအတွက် အိန္ဒိယကူညီတည်ဆောက်ထားတဲ့ ကုလားတန်စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ပလက်ဝ – ဇိုရမ်ပွီးကားလမ်းမဟာ ကီလိုမီတာ ၁၂၉ (မိုင် ၈၀ ကျော်)ရှည်လျားပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် တည်ဆောက်ရေးလုပ်ငန်းပြီးဆုံးဖို့ရည်မှန်းထားပါတယ်။

ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးထက်က “အေအေက စီမံကိန်းလမ်းပေါ်မှာ ဝင်၊ထွက်နေလို့ လုံခြုံရေးစိတ်မချလို့ ရပ်ရတာပါ။ ဘာလို့လဲဆိုတော့ အိန္ဒိယနိုင်ငံသားတွေ တစ်ခုခုဖြစ်ရင် ကျနော်တို့မှာ တာဝန်ရှိတယ်လေ။ ပြည်တွင်းကုမ္မဏီတွေဆိုရင်နားတာကြာပြီ။ ကုမ္မဏီတွေက ကီလိုမိတာ ၄၅ မှာစခန်းချပြီး ကီလိုမီတာ ၆၀ ကနေအပေါ်ကိုဆက်မတိုးနိုင်တော့ဘူး။ ဘယ်တော့ပြန်စမလဲဆိုတာ ပြောလို့မရသေးဘူး။ နိုင်ငံရေးအခြေအနေပေါ်မူတည်တယ်။ လုပ်ငန်းပြီးဆုံးမှုလို့ဆိုရင် မြေသားလမ်းဖောက်ဖို့တောင် ၄ ပုံထဲမှာ ၁ ပုံပဲပြီးသေးတယ်။ မြေသားလမ်းလုပ်ပြီးရင် နိုင်လွန်ကတ္တရာခင်းဖို့ရှိသေးတယ်လေ” လို့ပြောပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်