ဇိုမီးပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အကြံပြုချက် ၂၂ ချက်တင်ပြ

ဇိုမီးပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အကြံပြုချက် ၂၂ ချက်တင်ပြ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ ဖြည့်စွက်ရန် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က အကြံပြုချက် ၂၂ ချက်တင်ပြထားပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံစာတင်ပြချက်အရသိရပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ဖို့ နိုင်ငံရေးပါတီများက အကြံပြုချက် ၃၇၆၅ ခုတင်ပြထားပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်က အများဆုံးတင်ပြကာ ရခိုင်အမျိုးသားပါတီက ဒုတိယအများဆုံးတင်ပြထားပါတယ်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အခန်း (၁) နိုင်ငံတော်အခြေခံမူများတွင် အကြံပြုချက် (၁) ချက်၊ အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ တွင် အချက် (၅)ချက်၊ အခန်း (၃) နိုင်ငံတော်အကြီးအကဲ တွင် အချက် (၁၃)ချက်၊ အခန်း (၄) ဥပဒေပြုရေးတွင် (မရှိ)၊ အခန်း (၅) အုပ်ချုပ်ရေးတွင် အချက် (၁၂) ချက်၊ အခန်း (၆) တရားစီရင်ရေး တွင် (မရှိ)၊ အခန်း (၇) တပ်မတော် တွင် (မရှိ)၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏မူလအခွင့်အရေးနဲ့တာဝန်များ တွင် အချက် (၆)ချက်၊ အခန်း (၉) ရွေးကောက်တင်မြောက်ခြင်း တွင် (မရှိ)၊ အခန်း (၁၀) နိုင်ငံရေးပါတီများ တွင် အချက် (၁)ချက်၊ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ တွင် (မရှိ)၊ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း တွင် အချက် (၁)ချက်၊ အခန်း (၁၃) နိုင်ငံတော်အလံ၊ အထိမ်မှတ်တံဆိပ်၊ သီးချင်နဲ့မြို့တော် တွင် အချက် (၁)ချက်၊ အခန်း (၁၄) ကူးပြောင်းရေးကာလပြဌာန်းချက်များ တွင် အချက် (၁၀)ချက်၊ အခန်း (၁၅) အထွေထွေပြဌာန်းချက်များ တွင် အချက် (၃)ချက် စုစုပေါင်း အချက် (၂၂)ချက်တင်ပြထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဆိုင်ကယ် တစီးကို ဓာတ်ဆီ တသောင်းဖိုးသာ ရောင်းချ

မတ် ၂၄၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဓာတ်ဆီ ဈေးတွေတက်လာပြီး စက်သုံးဆီ‌ဆိုင်တွေမှာ အကန့်သတ်နဲ့သာ ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၈ထောင်ကျော်အထိ ဈေးတက်နေပြီး ဆိုင်ကယ်တွေကို တစီးကို တသောင်းဖိုးပဲ ...

ဆက်ဖတ်ရန်