ပလက်ဝမှာ ဆန်တစ်အိတ် တစ်သိန်းနီးပါးဈေးတက်

ခုတလော ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ရခိုင်တပ်မတော်ကြားတိုက်ပွဲတွေဖြစ်နေတာကြောင့် ကျေးရွာတွေမှာ ဆန်တစ်အိတ်ကို တစ်သိန်းနီးပါးနဲ့ ဝယ်နေရတယ်လို့ သတင်းရရှိပါတယ်။

“ကျောက်တော်ဘက်ကသွားဝယ်ရတော့ စက်လှေတစ်စီးဌားခက ငါးသောင်း၊ ဆန်ကသုံးသောင်းဆိုတော့ ရွာရောက်ရန် ဆန်တစ်အိတ်ကို တစ်သိန်းနီးပါးဖြစ်သွားတယ်။ ဒါတောင် ရွာဘက်မှာ မိသားစုတစ်စုက ဆန်တစ်အိတ်ပဲဝယ်ခွင့်ပြုတယ်။ ဆန်တစ်အိတ်ဝယ်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ထောက်ခံစာပါမှပဲ ဝယ်လို့ရတယ်။ မိသားစုတစ်စုက နှစ်ပတ်မှာ ဆန်တစ်အိတ်ကုန်တော့ တချို့လူတွေဆို စားဖို့တောင်မရှိတော့ဘူး”ဟု ပလက်ဝမြို့ပေါ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

အခုလို အကန့်သတ်နဲ့ဆန်ဝယ်ခွင့်ပြုတာက မေလဆန်းပိုင်းမှာ ရခိုင်တပ်မတော်က တပ်သား(၂၀၀)လောက် ပလက်ဝ-အိန္ဒိယနယ်စပ် ကျေးရွာထဲကိုဝင်ပြီး ဆန်ဆယ်အိတ်ကို ကာလပေါက်ဈေး လေးပုံတစ်ပုံနဲ့ဈေးလျော့ဝယ်ယူသွားတယ်လို့သိရပါတယ်။ တပ်မတော်ထံသတင်းပေးရင် လျှာဖြတ်ပစ်မယ်လို့ ရွာသားတွေကို ခြိမ်းခြောက်သွားတယ်လို့ ဆိုပါတယ်။

Zalen ad

အခုချိန်ဟာ ချင်းတောင်မှာ တောင်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ကာလဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံးက ပလက်ဝမြို့နယ်ဖြစ်ပြီး ဒေသခံတွေအများစုက တောင်ယာလုပ်ငန်းနဲ့အသက်မွေးဝမ်းပြုကြပါတယ်။

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းပစ်ခတ်မှု သုံးရက်ဆက်တိုက်ပြုလုပ်

မေ ၁၃ ၊၂၀၂၆Zalen ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ် ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၃ ရက်ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ဒီကနေ့ ညနေ ၄ နာရီ၀န်းကျင်တုန်းကလည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းကနေ တကြိမ် ...

ဆက်ဖတ်ရန်