မင်းတပ်မြို့တွင် ရှေ့တန်းပြန်တပ်မတော်သားတွေကို ဝန်ထမ်းနဲ့ တပ်မတော်မိသားစုကကြိုဆို

၂၀၁၉၊ အောက်တိုဘာ (၁၆)
မင်းတပ်မြို့ အမှတ် (၂၇၄)ခြေလျင်တပ်ရင်းက ရှေ့တန်းပြန်တပ်မတော်သားတွေကို ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တပ်မတော်မိသားစုဝင်တွေက ဒီနေ့ညနေ (၃)နာရီတွင် ကြိုဆိုကြတယ်လို့သတင်းရရှိပါတယ်။

ယင်း ရှေ့တန်းပြန်တပ်မတော်သားတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်နဲ့ သာလောခီးကနေပြန်လာကြတယ်လို့သိရပါတယ်။

Photo: Tam Mang

မင်းတပ်မြို့နယ် အားကာမှူး ဦးတမ်မန်းက “ဒီနေ့ နေလည်လောက်မှာ ခရိုင်ရော၊ မြို့နယ်ထွေအုပ်ရော ဖုန်းဆက်ပြီး သွားကြိုဖို့အကြောင်းကြားလာတယ်။ ထွေအုပ်ရုံးက ဖုန်းဆက်ခေါ်ရင် ဘယ်အစည်းအဝေးမဆိုတက်ရတယ်လေ။ အရင်နှစ် ၂၀၁၈ တုန်းကလည်း ဒီလိုကြိုဖူးတယ်” လို့ပြောပါတယ်။

ဌာနဆိုင်ရာ ဝန်ထမ်း ၂၀၀ လောက်က သပြေရွက်ကိုင် ကြိုဆိုကြပြီး တပ်မတော်မိသားစုဝင်တွေက ပန်းကုံးတွေစွပ်ပေးတယ်လို့ ယင်းနေရာသို့သွားရောက်သူတစ်ဦးကဆိုပါတယ်။

Zalen ad
Photo: Tam Mang

အရင်နှစ်တွေမှာ ချင်းပြည်နယ်ရှိ တခြားမြို့နယ်တွင် ရှေ့တန်းပြန်တပ်မတော်သားတွေကြိုဆိုဖို့ ကြိုတင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပါ တာဝန်ပေးတာတွေရှိတာကြောင့် ဝေဖန်မှုတွေပေါ်ထွက်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ AA ရဲ့ စစ်သားစုဆောင်းမှုကြောင့် ဒေသခံတွေ တောလမ်းမှ အသက်လုထွက်ပြေးနေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ နေရပ်စွန့်ခွာပြီး တောလမ်းတွေကတဆင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြ ပါတယ်။ AA ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ...

ဆက်ဖတ်ရန်