ကလေးမြို့တွင် ချောင်းထဲမှမျောလာတဲ့ အမည်မသိအလောင်းတွေ့ရှိ

၂၀၁၉၊ နိုဝင်ဘာလ (၁၂)
ကလေးမြို့ တောင်ဇလပ်ရပ်ကွက်တွင် ချောင်းထဲမှမျောပါလာတဲ့ အမည်မသိ အမျိုးသားအလောင်းကို ဒီမနက် နံနက် (၈)နာရီခန့်တွင် ရပ်ကွက်နေပြည်သူများကတွေ့ရှိတယ်လို့သတင်းရရှိပါတယ်။

http://bit.ly/EEP2GC

တောင်ဇလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတီရယ်ထန်းက “အလောင်းကောက်တဲ့နေရာကတော့ ရွှေနှင်းဆီ(၁)လက်ဖက်ရည်ဆိုင်နားက ချောင်းဘေးမှာ စမ်းမြို့ဘုန်းကြီးကျောင်းဘေးက ချောင်းပေါ့နော်။ နဖူးပေါ်မှာ ဒဏ်ရာနည်းနည်းပါးပါးတော့တွေ့ပေမယ့် စခန်းမှူးက လဲလို့ဖြစ်တာနေမယ်လို့ပြောတယ်။ အခုတော့ ကလေးပြည်သူ့ဆေးရုံ ရင်ခွဲရုံကိုပို့လိုက်ပြီ။ အလောင်းကတော့ ခန့်မှန်းခြေ အသက် (၆၅) ဝန်းကျင်လောက်ရှိမယ်” လို့ပြောပါတယ်။

နိုဝင်ဘာလ (၅)ရက်တွင်လည်း ကလေးမြို့ မြို့လှရပ်ကွက် လယ်တောထဲတွင် အမည်မသိအမျိုးသားတစ်ဦးရဲ့ အလောင်းကိုတွေ့ရှိကြပါတယ်။

(Zawgyi)

Zalen ad


၂၀၁၉၊ နိုဝင်ဘာလ (၁၂)



နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်