ချင်းပါတီနဲ့ ရန်ကုန်မြို့ရှိ ချင်းလူထုတွေ့ဆုံပွဲ ပြုလုပ်မယ်

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီ နဲ့ ရန်ကုန်မြို့ရှိ ချင်းလူထုတွေ့ဆုံပွဲကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျင်းပသွားမယ်လို့သတင်းရရှိပါတယ်။

တွေ့ဆုံပွဲကို နေ့လည် (၁)နာရီကနေ (၅)နာရီထိပြုလုပ်မှာဖြစ်ပြီး လူ (၁၀၀)ခန့်ဖတ်ကြားဖို့စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီ အလှည့်ကျ အတွင်းရေးမှူး ဆလိုင်းပီပီက “ဘာကြောင့် ဒီတွေ့ဆုံပွဲပြုလုပ်ဖို့စီစဉ်တာလဲဆိုရင် ချင်းပါတီကိုမိတ်ဆက်မယ်၊ ပါတီရဲ့ ပေါ်လစီကိုချပြမယ်။ တွေ့ဆုံမယ့်နေရာကတော့ ခဝဲခြံမျက်မမြင်ကျောင်းကိုလျာထားတယ်။ အတည်တော့မပြုနိုင်သေးဘူး” လို့ပြောပါတယ်။

Zalen ad

ယင်းတွေ့ဆုံပွဲတွင် မြို့နယ်အသင်း လူကြီးများ၊ အခြားချင်းပါတီမှ အတွင်းရေးမှူးနဲ့ ဥက္ကဌများ၊ ဂုဏ်သရေရှိလူကြီးများကို ဖိတ်ကြားသွားမယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်