Benjamin Sum အတွက် နှစ်ရက်အတွင်း သိန်း (၂၂၀)ကျော်ရပြီ၊ သိန်း (၅၀၀)ရဖို့မျှော်မှန်း

Myanmar Idol Season 4 ရဲ့ Top 3 စာရင်းဝင် Benjamin Sum ကို ဂုဏ်ပြုချီးမြှင့်ဖို့ Gofundme မှ နှစ်ရက်အတွင်း ကျပ် (၂၂၆)သိန်းကျော်ရပါပြီ။

အမေရိကန်ဒေါ်လာနဲ့ ဆို (၁၆,၁၈၅)ဒေါ်လာဖြစ်ပြီး တစ်ဒေါ်လာတွင် ငွေလဲနှုန်း ၁၄၀၀ကျပ်နဲ့ တွက်ထားပါတယ်။

ယင်း Gofundme ကို အမေရိကနိုင်ငံ အင်ဒီယာနားပိုလစ်မြို့က Summer တစ်ယောက်ဖြစ်တဲ့ David Taisun က ဒီဇင်ဘာလ (၂၉)ရက်က စတင်ပြုလုပ်ခဲ့တာပါ။

ရည်ရွယ်ချက်ကတော့ Benjamin Sum ရဲ့ရှေ့လျှောက် အနုပညာလုပ်ငန်းအတွက် ဖြစ်ပြီး ယင်း ဂုဏ်ပြုချီးမြှင့်ငွေအားလုံးဟာ Benjamin Sum ထံပေးအပ်သွားမယ်လို့ဆိုပါတယ်။

Zalen ad

Benjamin Sum အတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်လိုသူများအတွက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်ထိ ထည့်ဝင်နိုင်ပါတယ်လို့ရေးထားပါတယ်။

https://www.gofundme.com/f/support-benjamin-ben-ben?utm_source=facebook&utm_medium=social&utm_campaign=m_pd+share-sheet&fbclid=IwAR1LdfWC-TQgKFYgwtynUpU7yi4IUrMcARVdKZZwK1lrL8gvI8p7uDl3SHI

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်