ကလေး TU ကျောင်း မှာ ကိုးရီးယာ ဘာသာစကား နဲ့ တိုက်ကွန်ဒို အခမဲ့ သင်ကြားမယ်

ကလေး နည်းပညာတက္ကသိုလ်တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၇ ကနေ မတ်လ ၇ အထိ ကိုးရီးယာ ဘာသာစကား နဲ့ တိုက်ကွန်ဒို သင်တန်း အခမဲ့ သင်ကြားပေးမယ်လို့ သိရပါတယ်။

ယင်းသင်တန်းက ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား နဲ့ staff သီးသန့် အတွက် ဖြစ်ကြောင်း သိရပါတယ်။

ကိုးရီးယာ ဘာသာစကား ကို တနင်္လာနေ့မှ သောကြာနေ့ အထိ မနက် ၇ နာရီ ကနေ ၈ နာရီ အထိ တစ်နာရီ အကြာ၊ တိုက်ကွန်ဒို သင်တန်း ကို တနင်္လာနေ့ ကနေ သောကြာနေ့အထိ ညနေ ၄ နာရီ ကနေ ၅ နာရီ အထိ တစ်နာရီ အကြာ သင်ကြားမှာဖြစ်ပါတယ်။ တိုက်ကွန်ဒို suit အတွက် တစ်ယောက်လျှင် ကျပ် ၂၀၀၀၀ ပေးသွင်းရမယ်။

ယင်းသင်တန်းကိုတက်ရောက်လိုပါက ဒေါက်တာ မြင့်မြင့်ခိုင်, ဖုန်းနံပါတ် ၀၉၇၉၇၇၈၀၂၃၂ ထံ နာမည် စာရင်း သွင်းနိုင်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုအပေါ် အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

မေ ၂၇၊၂၀၂၆Zalen အာဏာသိမ်းစစ်တပ်က မြန်မာနိုင်ငံတဝန်းလုံးမှာ လူငယ်တွေအပေါ် အဓမ္မစစ်သားစုဆောင်းမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အပေါ် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ (APHR) က ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ စစ်ကောင်စီတပ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစပြီး စစ်မှုထမ်းဥပဒေကို အတင်းအကြပ်ကျင့်သုံးခဲ့ရာကနေ ...

ဆက်ဖတ်ရန်