ထန်တလန်မြို့တွင် လူနေအိမ်သုံးလုံးမီးလောင် မြေးအဘိုးနှစ်ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ထန်တလန်မြို့ အမှတ် (၁)ရပ်ကွက် တင်းနစ်ကွင်းပတ်လမ်းရှိ လူနေအိမ် ၃ လုံးဟာ ဒီမနက် ၂ နာရီခန့်ကမီးလောင်လို့ မြေးအဘိုးနှစ်ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦးဒဏ်ရာရရှိသွားတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ အမှတ်(၁)ရပ်ကွက် တင်းနစ်ကွင်းပတ်လမ်းရှိ ဦးချွန်လျန် (၉၀ နှစ်)နေအိမ် ၂ ထပ်၊ သွပ်မိုး၊ ပျဉ်ထောင်အိမ်မှ မီးကြွင်းမီးကျန်ကနေ မီးစတင်လောင်သွားရာ အနီးရှိ ဦးရွှေပဲန်း (၆၄နှစ်) နေအိမ် ၁ ထပ်သွပ်မိုး၊ ပျဉ်ထောင်အိမ်မီးလောင်ပြီး ဦးငွန်ဘွဲနေအိမ် ၁ ထပ် သွပ်မိုး၊ ပျဉ်ထောင်အိမ် တစ်ခြမ်း ကူးစက်လောင်ကျွမ်းသွားပါတယ်။

မီးစတင်လောင်ကျွမ်းရာနေအိမ်ပိုင်ရှင်ဖြစ်တဲ့ ဦးချွန်လျန် (၉၀ နှစ် နဲ့ ၎င်းရဲ့မြေး မောင်ကျူံးဟူးလျန် (၁၀ နှစ်) စတုတ္ထတန်းကျောင်းသားတို့သေဆုံးပြီး ဒေါ်ဇိန်လှဲန်း (၅၂ နှစ်) နဲ့ ဒေါ်ဖမ်မွေဘောရ် (၂၈ နှစ်) တို့မှာမီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)အနည်းငယ်ရရှိကြပါတယ်။

၎င်းမီးကို မြို့နယ် မီးသတ်ယာဉ် (၃)စီးနဲ့ မီးငြိမ်းသတ်ရာ မနက် ၂ နာရီခွဲခန့်တွင် လုံးဝမီးငြိမ်းသတ်နိုင်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့ပေါ်အနီးတဝိုက် စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲ

မေ ၂၁၊၂၀၂၆Zalen ချင်းပြည်နယ် ၊မင်းတပ်မြို့အနီး စိချဲ့ရပ်ကွက်ကို ယမန်နေ့ညနေ ၅ နာရီ ၀န်းကျင်မှာ စစ်ကောင်စီက လေကြောင်းက‌ နေဗုံးကြဲတိုက် ခိုက်လို့ ပျက်စီး၊ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံ တွေထံကသတင်းရရှိပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ ရှမ်းတဲ လေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ...

ဆက်ဖတ်ရန်