ပြည်ခိုင်ဖြိုးပါတီမှ ကန်ပက်လက်မြို့နယ် အမတ်လောင်းယှဉ်ပြိုင်ချင်သူ (၅)ယောက်စာရင်းပေးထား

ဒီနှစ် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ ကန်ပက်လက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်ယှဉ်ပြိုင်ဖို့ ပြည်ခိုင်ဖြိုးပါတီမှ လူ(၅)ယောက်က စာရင်းပေးထားပြီလို့သတင်းရရှိပါတယ်။

ယင်းအကြောင်းအရာနဲ့စပ်လျဉ်းပြီး ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်၊ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဆလိုင်းခွဲယန်က “ဝင်ပြိုင်ချင်တဲ့သူက လေး ငါးယောက်လောက်ရှိတယ်လို့မြို့နယ်ဘက်က သတင်းရထားပါတယ်။ ဒါကြောင့် ဒီလ (၂၄)ရက်မှာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးဟုန်းငိုင်းက သွားပြီးမဲခွဲဆုံးဖြတ်ပေးမယ်”လို့ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ချင်းပြည်နယ်မှာကျင်းပမယ့် မဲဆန္ဒနယ် နှစ်နေရာစလုံးဝင်ပြိုင်ဖို့စီစဉ်ထားပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်