Chinland အသင်းက တစ်လတာ အကောင်းဆုံးဆုအားလုံး ဆွတ်ခူး

Myanmar National League II 2020 အမှတ်ပေးဘောလုံး ပြိုင်ပွဲတွင် ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံး နည်းပြဆုနဲ့ ကစားသမားဆု နှစ်ခုစလုံးကို Chinland အသင်းက ရရှိသွားတယ်လို့သတင်းရရှိပါတယ်။

ယင်းဆုကို မတ်လ (၉)ရက် ညနေပိုင်းက မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ ချီးမြှင့်သွားပါတယ်။

တစ်လတာ အကောင်းဆုံး နည်းပြဆုကို Chinland အသင်း နည်းပြချုပ် ဦးဘုန်းနိုင်မှ ရရှိခဲ့ပြီးအကောင်းဆုံး ကစားသမားဆုကို Chinland အသင်းတိုက်စစ်မှူး Mung Theih Pau တို့က အသီးသီးဆုရရှိကြပါတယ်။

Zalen ad

နည်းပြဦးဘုန်းနိုင်ဟာ ပွဲစဉ်ငါးပွဲကစားရာ ငါးပွဲစလုံး အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သလို တိုက်စစ်မှူး Mung Theih Pau လည်းပဲ အသင်းတွင် အကောင်းဆုံးခြေစွမ်း ပြလျက်ရှိပြီး ငါးပွဲ ကစားပြီးချိန်တွင် အသင်းအတွက် ခြောက်ဂိုး သွင်းယူထားပါတယ်။

(Zawgyi)

Chinland အသင္းက တစ္လတာ အေကာင္းဆုံးဆုအားလံုး ဆြတ္ခူး

Myanmar National League II 2020 အမွတ္ေပးေဘာလုံး ၿပိဳင္ပြဲတြင္ ေဖေဖာ္ဝါရီလအတြက္ တစ္လတာ အေကာင္းဆုံး နည္းျပဆုနဲ႔ ကစားသမားဆု ႏွစ္ခုစလံုးကို Chinland အသင္းက ရရွိသြားတယ္လို႔သတင္းရရွိပါတယ္။

Photo: National League II

ယင္းဆုကို မတ္လ (၉)ရက္ ညေနပိုင္းက ၿမန္မာေနရွင္နယ္လိဂ္အမႈေဆာင္အရာရွိခ်ဳပ္ ဦးစိုးမိုးေက်ာ္မွ ခ်ီးျမွင့္သြားပါတယ္။

တစ္လတာ အေကာင္းဆုံး နည္းျပဆုကို Chinland အသင္း နည္းျပခ်ဳပ္ ဦးဘုန္းႏိုင္မွ ရရွိခဲ့ၿပီးအေကာင္းဆုံး ကစားသမားဆုကို Chinland အသင္းတိုက္စစ္မႉး Mung Theih Pau တို႔က အသီးသီးဆုရရွိၾကပါတယ္။

နည္းျပဦးဘုန္းႏိုင္ဟာ ပြဲစဥ္ငါးပြဲကစားရာ ငါးပြဲစလုံး အႏိုင္ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့သူျဖစ္သလို တိုက္စစ္မႉး Mung Theih Pau လည္းပဲ အသင္းတြင္ အေကာင္းဆုံးေျခစြမ္း ျပလ်က္ရွိၿပီး ငါးပြဲ ကစားၿပီးခ်ိန္တြင္ အသင္းအတြက္ ေျခာက္ဂိုး သြင္းယူထားပါတယ္။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်