ပလက်ဝခရစ်ယာန်ကယ်ဆယ်ရေးကော်မတီ (ရန်ကုန်)က ဆမီးစစ်ဘေးရှောင်ပြည်သူတွေထံ သိန်း (၆၀)တန် လူသုံးကုန်ပစ္စည်းတွေလှူဒါန်း

ပလက်ဝမြို့နယ် ဆမီးမြို့မှာနေထိုင်ကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေထံ ပလက်ဝခရစ်ယာန်ကယ်ဆယ်ရေးကော်မတီ (ရန်ကုန်)က ကျပ်သိန်း (၆၀)တန် လူသုံးကုန်ပစ္စည်းတွေကို ဇွန်လ (၁)ရက်နေ့လှူဒါန်းထားတယ်လို့သတင်းရရှိပါတယ်။

လှူဒါန်းထားတဲ့ပစ္စည်းတွေကတော့ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆပ်ပြာမှုန့်၊ သွားတိုက်တံ၊ မိုးကာ၊ ကျောပိုးအိတ်၊ အမျိုးသမီးအသုံးဆောင်ပစ္စည်းတွေ၊ ဖိနပ်တွေဖြစ်ပါတယ်။

ဒီခရီးစဉ်တွင် ပလက်ဝခရစ်ယာန်ကယ်ဆယ်ရေးကော်မတီ (ရန်ကုန်)မှ Rev. Hawi Hau, Rev. Uk Ling Thang နဲ့ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်အမတ်ဆလိုင်းမျိုးထိုက်တို့ဖြစ်ပါတယ်။

Zalen ad

Rev. Hawi Hau က တစ်နေ့မှာ နှစ်ကြိမ်သုံးကြိမ်လောက်ပစ်ခတ်ကြတော့ ဆမီးထိပဲကျနော်တို့သွားလို့ရတယ်လို့ပြောပါတယ်။

လက်ရှိဆမီးမြို့ပေါ်တွင် စစ်ဘေးရှောင် မိသားစု (၇၀၀)နီးပါးနေထိုင်ကြပါတယ်။

(Zawgyi)






နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်