မတူပီမြို့ မဟာဓာတ်အားလိုင်းမှ မကြာခင် စမ်းသပ်မီးလွတ်မယ်

မတူပီမြို့ မဟာဓာတ်အားလိုင်း 66kvခွဲရုံမှ လျှပ်စစ်မီးစမ်းသပ်လွတ်နိုင်ဖို့ နေပြည်တော်မှ Test Lab အဖွဲ့က ဒီကနေ့ စတင်စစ်ဆေးနေတယ်လို့သတင်းရရှိပါတယ်။

ချင်းပြည်နယ်တွင် မြို့နယ် (၉) မြို့နယ်ရှိတဲ့ အနက် မဟာဓာတ်အားလိုင်းမရသေးတဲ့မြို့က တီးတိန်၊ တွန်းဇံ နဲ့ ပလက်ဝမြို့နယ်တွေဖြစ်ပါတယ်။

မတူပီမြို့နယ် လျှစ်အင်ဂျင်နီယာ ဦးအွမ်ဟုန်းက “အခု သူတို့စစ်ဆေးတာ ဘယ်တော့ပြီးမလဲ မပြောတတ်သေးဘူး။ လိုင်းအပစ်တွေ့ရင်တော့ ပြန်ပြင်ရအုံးမှာနဲ့ ကြာမယ်။ အပစ်မပြစ်ပဲ မိုးလည်းမရွာဘူးဆိုရင် ၃ ရက်လောက်ကြာမယ်။ အဲ့ဒါပြီးရင် အစမ်းသဘောနဲ့လွတ်မယ်။ မြို့ထဲက မီးကြိုးဟောင်းတွေလည်း တစ်ဝက်လောက်ပဲ လဲနိုင်သေးတယ်။ ဖွင့်ပွဲကတော့ ဒီလကုန်ထိ လူစုလူဝေးကန့်သတ်ရက်တိုးထားတော့ ဒါပြီးမှလုပ်နိုင်မယ်ထင်တယ်” လို့ပြောပါတယ်။

မတူပီမြို့ မဟာဓာတ်အားလိုင်းစီမံကိန်းကို ၂၀၁၅-၂၀၁၆ ခုနှစ်စတင်ဆောင်ရွက်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုက ဘတ်ဂျက်ချပေးတာဖြစ်ပါတယ်။

Zalen ad

မတူပီမြို့ပေါ် လက်ရှိအစိုးရမီးအသုံးပြုသူ (၁၃၄၁)အိမ်ရှိပြီး ဒီ့အပြင် ဖနိုင် နဲ့ ငလိုင်ကျေးရွာကိုလည်း မဟာဓာတ်အားလိုင်းပေးဖို့စီစဉ်နေလို့ ဦးအွမ်ဟုန်းက ဆိုပါတယ်။

ကျန်ရှိနေတဲ့ တီးတိန်၊ တွန်းဇံ၊ နဲ့ ပလက်ဝမြို့နယ်ကိုတော့ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် မဟာဓာတ်အားလိုင်းရရှိမယ်လို့ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်