ကိုဗစ်-၁၉ ကြောင့် သုံးလကျော်ကြာရပ်နားထားတဲ့ ကလေး-ဂန့်ဂေါရထား မနက်ဖြန် ပြန်ဖွင့်တော့မယ်

ကိုဗစ်-၁၉ ရောဂါကြောင့် မတ်လနောက်ဆုံးပတ်ကနေ ခေတ္တပိတ်ထားတဲ့ ကလေး-ဂန့်ဂေါရထားခရီးစဉ်ကို ဇူလိုင် (၇)ရက်ကစပြီး ပြန်လည်ပြေးဆွဲတော့မယ်လို့ တာဝန်ရှိသူများထံမှသတင်းရရှိပါတယ်။

မနက်ဖြန် မနက် ၆း၃၀ အချိန်ကနေ ၅တွဲပါတဲ့ ရထားဟာ ကလေးဘူတာမှ ဂန့်ဂေါဘူတာသို့ပြေးဆွဲမှာဖြစ်ပြီး ယင်းရထားဂန့်ဂေါရောက်တဲ့ချိန်မှ ကလေးဘက်သို့ပြန်လည်ပြေးဆွဲမှာဖြစ်ပါတယ်။

ယာဉ်စီးခကတော့ တစ်ယောက် ၁၁၅၀ ကျပ်ဖြစ်ပြီး ရထားတွဲတစ်တွဲတွင် လူ (၂၀)သာထိုင်ခွင့်ပြုမယ်လို့ ကလေးဘူတာရုံတာဝန်ရှိသူတစ်ဦးထံမှသိရပါတယ်။

၎င်းက “ရထားစီးတဲ့သူတို့ Mask တပ်ရပါမယ်။ ပြီးတော့ ထိုင်ခုံတစ်ခုံခြားပြီးတော့ ထိုင်ရပါမယ်” လို့ပြောပါတယ်။

Zalen ad

ရထားစီးနှင်သူခရီးသည်တွေတဖြည်းဖြည်းနည်းပါးလာတာကြောင့် အရင်က ကလေး- မွေ့လယ်၊ ကလေး – ဟံသာဝတီ လိုင်းတွေအခုတော့ မရှိတော့ပဲ ကလေး-ဂန့်ဂေါတစ်လိုင်းသာပြေးဆွဲပါတော့တယ်။

ရထားဟာ စောင့်ဆိုင်းတဲ့ချိန်ကြာမြင့်တာရယ်၊ ရထားမြန်နှုန်းနှေးကွေးတာကြောင့် လူတွေက ကားလမ်းကိုသာပိုမိုအသုံးပြုလာကြပါတယ်။

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများရှိ မှောင်အတိဖုံးနေသော ပညာရေးရှေ့ရေး

စစ်ဘေးရှောင်များစွာ လာရောက်ခိုလှုံလျက်ရှိတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့မှာ ၂၀၂၅ ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနောက်ပိုင်းတွင် NUG ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအချို့ ကျောင်းပိတ်ခဲ့ရသည်။ ကလေးမြို့နှင့် ဖလမ်းမြို့နယ်ရှိရွာများစွာမှ စစ်ဘေးရှောင် မိသားစုများစွာသည် ကျောင်းသားလူငယ်များကို ဆက်လက်ကျောင်းထားပေးနိုင်ရန် ...

ဆက်ဖတ်ရန်