မင်းတပ်မြို့ မီးသတ်တပ်ဖွဲ့တွေ ကိုယ်လက်ကြံ့ခိုင်ရေးပြုလုပ်

မင်းတပ်မြို့နယ် အား/ကာ ဦးစီးဌာနနဲ့ မင်းတပ်ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ တို့မှ ပူးပေါင်းကာ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းကို ဒီမနက်ပြုလုပ်ကြပါတယ်။

မင်းတပ်မြို့နယ် အား/ကာမှူး ဦးတမ်မန်းကတော့ တစ်ပတ်တစ်ကြိမ် လေ့ကျင့်ခန်းပြုလုပ်မှာဖြစ်ကြောင်း၊ စိတ်ဝင်စားတဲ့ဌာနတွေနဲ့ ဆက်လက်ပူးပေါင်းပြီးလေ့ကျင့်မယ်လို့ဆိုပါတယ်။

Photo: Tam Mang

ဒီမနက် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ရာတွင် မီးသတ်တပ်ဖွဲ့မှ လူ ၃၀ ကျော်ပါဝင်ပါတယ်။

မန္တလေးမြို့က ရဲတပ်ဖွဲ့တွေလည်း အဆီကျအောင်ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်လျက်ရှိကြောင်း ပြည်မမီဒီယာတွေရဲ့ ဓာတ်ပုံသတင်းတွေမှာဖော်ပြထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ဘူးသီးတောင်မှာ AA က ရိုဟင်ဂျာ ရာနဲ့ ချီ သတ်ဖြတ်ခဲ့ကြောင်း HRW ထုတ်ပြန်

မေ ၁၉၊ ၂၀၂၉ Zalen ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဟိုယာဆီရီကျေးရွာမှာ ၂၀၂၄ ခုနှစ်က အာရကန်တပ်တော် (AA) ဟာ လက်နက်မဲ့ ရိုဟင်ဂျာ အရပ်သား ရာနှင့်ချီကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ ...

ဆက်ဖတ်ရန်