တောင်ကျချောင်းရေကြောင့် ဖလမ်း-ဟားခါးကြား ကားလမ်းတွင် ယာဉ်များပိတ်မိ

ခုတလော ချင်းပြည်နယ်တွင် ၃ ရက်ဆက်တိုက်မိုးရွာတာကြောင့် ဖလမ်း-ဟားခါးကြား ကားလမ်းပေါ် တောင်ကျချောင်းရေတွေ ရေကျော်လာတာကြောင့် ယာဉ်အသွားအလာတွေ ပိတ်မိနေတယ်လို့သတင်းရရှိပါတယ်။

တောင်ကျချောင်းရေကြောင့် ရေကျော်တဲ့နေရာကတော့ တားလ်ကျေးရွာ အကျော်တွင်ဖြစ်ပြီး မိုင်အားဖြင့် (၉၇)မိုင်မှာဖြစ်ပါတယ်။

ဖလမ်းမှ ဟားခါးသို့ လိုက်ပါလာတဲ့ ခရီးသည်တစ်ဦးက “ကျနော်တို့ကား စပိတ်တာက နေ့လည် ၂ နာရီကတည်းကပါ။ မိုးလည်းတအားရွာတော့ တောင်ကျချောင်းတွေက လမ်းပေါ်ရေကျော်လာတယ်။ ပြီးတော့ လမ်းပေါ်မှာ မြေစာတွေသယ်လာတော့ အဲ့ဒါကို စက်ကြီး ၃ စီးက အခုရှင်းပေးနေတယ်။ ရေကျော်တဲ့နေရာက ၂ နေရာမှာပါ။ ဖလမ်းဘက်ကနေ အတက်ကားဆို ၇ စီးလောက်ရှိတယ်။ ဆိုင်ကယ်တွေတော့များတယ်။ ကျနော်တို့လာတုန်းကတော့ အဆင်းကား ၂ စီးနဲ့တွေ့တယ်။ နည်းနည်းစောင့်လိုက်ရင် သွားနိုင်မယ့်ပုံပဲ” လို့ပြောပါတယ်။

အခု ညနေ ၂ နာရီ ၅၁ မိနစ် အထိ ကားတွေဆက်သွားလို့မရသေးဘူးလို့ ခရီးသည်တစ်ဦးထံကနေ သတင်းရရှိပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ချင်းပြည်ကောင်စီရဲ့ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့အပေါ် ဒေသခံပြည်သူတို့ရဲ့ အမြင်သဘောထား မှတ်ချက်များ

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ Defense Coordination Team (TDC) ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ ချင်းပြည်နယ်အတွင်း အရွယ်ရောက်ပြီး သူတွေကို ချင်းပြည်တပ်ပေါင်းစုအတွက် တပ်သားသစ်တွေ စုဆောင်းသွားတော့မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ...

ဆက်ဖတ်ရန်