High Class ကားနဲ့ ဆိုင်ကယ် နှစ်စီးတိုက်မိ၍ တစ်ဦးသေဆုံး

ကလေး- ရန်ကုန်ပြေးဆွဲနေတဲ့ High Class ခရီးသည်တင်ယာဉ်ဟာ ကလေးမြို့ နည်းပညာတ္ကသိုလ်ကျောင်းအနီး ကံပုလဲရွာလမ်းခွဲတွင် ဒီနေ့ နေ့လည် ၁ နာရီခန့်က ဆိုင်ကယ် ၂ စီးနဲ့တိုက်မိ၍ တစ်ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။

ကလေးမြို့ High Class ဂိတ်မှူးက “ကံပုလဲဘက်ကနေ ဆိုင်ကယ်တစ်စီးက လမ်းပေါ်တက်လာတော့ အဲ့ဒါကို ရှောင်ရင်းနဲ့ တစ်ဖက်က ဆိုင်ကယ်တစ်စီးကို သွားတိုက်မိတာ” လို့ပြောပါတယ်။

သေဆုံးသူဟာ အသက် (၅၀)အရွယ် အမျိုးသားဖြစ်ပြီး ဒဏ်ရာရရှိတဲ့သူတွေကတော့ အသက်ကြီးပိုင်း ကျား နဲ့ မ ဖြစ်ပါတယ်။

High Class ခရီးသည်တင်ယာဉ်ဟာ အရင်နှစ်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် ကားဘီးပေါက်လို့ယာဉ်မတော်တဆဖြစ်ရာမှ လူအများအပြားသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ဘူးသီးတောင်မှာ AA က ရိုဟင်ဂျာ ရာနဲ့ ချီ သတ်ဖြတ်ခဲ့ကြောင်း HRW ထုတ်ပြန်

မေ ၁၉၊ ၂၀၂၉ Zalen ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဟိုယာဆီရီကျေးရွာမှာ ၂၀၂၄ ခုနှစ်က အာရကန်တပ်တော် (AA) ဟာ လက်နက်မဲ့ ရိုဟင်ဂျာ အရပ်သား ရာနှင့်ချီကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ ...

ဆက်ဖတ်ရန်