ဟားခါး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတည်ဆောက်ရေး ၇၅ ရာခိုင်နှုန်း ပြီးပြီ

ဟားခါးတက္ကသိုလ်မှာ တည်ဆောက်နေတဲ့ ဘွဲ့နှင်းသဘင်ခန်းမဟာ ဒီနှစ် ဒီဇင်ဘာလမှာအပြီးတည်ဆောက်ဖို့ ရည်မှန်းထားပြီး ခုချိန်မှာ ၇၅ ရာခိုင်နှုန်းတည်ဆောက်နေပြီလို့သတင်းရရှိပါတယ်။

ဘွဲ့နှင်းသဘင်ခန်းမတည်ဆောက်ဖို့ ၂၀၁၈-၂၀၁၉ ခုနှစ် ဘတ်ဂျက်တွင် သန်း (၃၀၀)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် သန်း ၇၂၃၀ ကျော်ချပေးခဲ့ပါတယ်။

ဟားခါးတက္ကသိုလ် ဒုပါမောက္ခချုပ် ဒေါက်တာလျန်ဇခုပ်က “ဟားခါးမှာ ဒုသမ္မတလာတုန်းက ကျောင်းသားတွေက နောက်နှစ်ဆိုရင်ကျောင်းပြီးတော့မယ်။ ဒီမှာ ဘွဲ့နှင်းချင်တယ်ဆိုပြီးတင်ပြတာ။ သူကအင်ဂျင်နီယာတွေဆီမှာပြောတော့ သူတို့ကလည်း ဘတ်ဂျက်လုံလုံလောက်လောက်ရှိရင်အပြီးဆောက်နိုင်ပါတယ်ပြောလို့ သူတို့တွက်ချက်ထားတဲ့အတိုင်း ဒီနှစ်အတွင်းမှာပြီးနိုင်ဖို့ ဘတ်ဂျက်ချပေးတာ” လို့ပြောပါတယ်။

လက်ရှိတည်ဆောက်နေသော ဟားခါးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ရေးလုပ်ငန်းခွင်

ဘွဲ့နှင်းသဘင်ခန်းမဟာ ၂၀၁၈ ခုနှစ်ပွင့်လင်းရာသီတွင်စတင်တည်ဆောက်ပြီး ကိုဗစ်ကြောင့် ဒီဇင်ဘာလမှာပြီးနိုင်ဖို့ရည်မှန်းထားပါတယ်။

Zalen ad

အဆောက်အအုံရဲ့အကျယ်အဝန်းဟာ ပေ ၂၅၀x ပေ ၂၀၈ နှစ်ထပ်ဖြစ်ပါမယ်။

ဟားခါးကောလိပ်ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၉)ရက်တွင် စတင်ဖွင့်လှစ်ထားပြီး၂၀၂၀ ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့တွင် ကောလိပ်မှ တက္ကသိုလ်အဆင့်တိုးမြင့်ထားပါတယ်။

လက်ရှိ ဟားခါးတက္ကသိုလ်တွင် မြန်မာ၊ အင်္ဂလိပ်၊ သမိုင်း၊ ဓာတု၊ ရူပ၊ င်္သချာ၊ Zoology၊ Botany ဘာသာရပ်တွေသင်ကြားပေးနေပါတယ်။ ပထမနှစ်မှ တတိယနှစ်အထိ ကျောင်းသူ၊သား (၇၃၅)ဦး ဆရာ၊မနဲ့ ဝန်ထမ်း (၁၀၀)ကျော်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုအပေါ် အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

မေ ၂၇၊၂၀၂၆Zalen အာဏာသိမ်းစစ်တပ်က မြန်မာနိုင်ငံတဝန်းလုံးမှာ လူငယ်တွေအပေါ် အဓမ္မစစ်သားစုဆောင်းမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အပေါ် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ (APHR) က ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ စစ်ကောင်စီတပ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစပြီး စစ်မှုထမ်းဥပဒေကို အတင်းအကြပ်ကျင့်သုံးခဲ့ရာကနေ ...

ဆက်ဖတ်ရန်