ဖလမ်းမြို့ရဲ့ ပထမဆုံးကိုဗစ်-၁၉ လူနာတစ်ဦး ဆေးရုံကဆင်းပြီ

ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိတဲ့ ရွေးကောက်ပွဲ အထူးရဲသင်တန်းသားတစ်ဦးဟာ ဒီမနက် (၁၀)နာရီက ဆေးရုံကဆင်းခွင့်ပြုလိုက်ပြီလို့သတင်းရရှိပါတယ်။

အထူးရဲသင်တန်းသားဟာ ပြည်သူ့ဆေးရုံတွင် (၁၁)ရက်ကြာ ဆေးကုသမှုခံယူပြီးနောက် ကိုဗစ်-၁၉ ရောဂါလက္ခဏာမရှိတဲ့တွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ၎င်းနေအိမ်တွင် (၇)ရက်ကြာ Home Quarantine ဖြင့်ဆက်လက်နေထိုင်မှာဖြစ်တယ်။

ရွေးကောက်ပွဲ လုံခြုံရေးအထူးရဲသင်တန်းသားဟာ ဖလမ်းမြို့နယ်၊ လှောင်မွာလ်ကျေးရွာနေ အသက်(၁၈)နှစ် အမျိုးသားဖြစ်ပြီး ၎င်းနဲ့ဆက်စပ်တဲ့သူတွေလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိစစ်ဆေးရာ အားလုံး Negative ဖြစ်ပါတယ်။

Zalen ad

၎င်းဟာ ဖလမ်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အထူးရဲသင်တန်းတက်ရောက်နေစဉ် အထူးရဲသင်တန်းသားများအား ကျန်းမာရေးဝန်ထမ်းများက အောက်တိုဘာ ၉ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိကို Antigen Test Kit ဖြင့် စစ်ဆေးရာတွင် ပိုးတွေ့ရှိခြင်းဖြစ်တယ်။ လက်ရှိ ဖလမ်းမြို့တွင် ကိုဗစ်-၁၉ လူနာ (၃)ဦးကျန်ပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်