ကလေးမြို့ Quarantine Centre ဝင်နေတဲ့အမျိုးသားတစ်ဦးသေဆုံး

ကလေးမြို့ အထက (၁) CBFQ Centre တွင် မန္တလေးမြို့မှ ဆေးဝါးကုသမှုခံယူပြီး ပြန်လည်ရောက်ရှိလာသဖြင့် အသွားအလာကန့်သတ်ထားရှိသူ ဥယျာဉ်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဒီမနက် ၁၀ နာရီက ကွယ်လွန်သွားပါတယ်။

အဆိုပါသေဆုံးသူသည် အသည်းကင်ဆာရောဂါဖြင့်ကွယ်လွန်ခဲ့သော်လည်း Quarantine ဝင်ရောက်နေရသူဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဒိုးဝိုင်းချောင်းသုဿာန်တွင် မီးသဂြိုဟ်မည်ဖြစ်ပြီး ဓါတ်ခွဲနမူနာရယူထားရှိကာ COVID 19 ရောဂါပိုး ရှိ/မရှိ ခုတင် (၃၀၀) ဆံ့ဆေးရုံကြီးတွင် ဓာတ်ခွဲစစ်ဆေးမှာဖြစ်ပါတယ်။

ကလေးမြို့နယ်တွင် ကိုဗစ်-၁၉ လူနာ (၅)ဦး ကြည့်ရှုစောင့်ရှောက်နေပါတယ်။

နောက်ဆုံးရသတင်းများ

ဘူးသီးတောင်မှာ AA က ရိုဟင်ဂျာ ရာနဲ့ ချီ သတ်ဖြတ်ခဲ့ကြောင်း HRW ထုတ်ပြန်

မေ ၁၉၊ ၂၀၂၉ Zalen ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဟိုယာဆီရီကျေးရွာမှာ ၂၀၂၄ ခုနှစ်က အာရကန်တပ်တော် (AA) ဟာ လက်နက်မဲ့ ရိုဟင်ဂျာ အရပ်သား ရာနှင့်ချီကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ ...

ဆက်ဖတ်ရန်