ကလေးမြို့နယ် နှင်းဆီပါတီက ချင်းပါတီကို ထောက်ခံအားပေးမယ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်တဲ့ နှင်းဆီပါတီ (ခေါ်) UDP က ကလေးမြို့နယ်ပါတီဝင်တွေက ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝိုင်းရံကာကွယ်မယ်လို့ သတင်းရရှိပါတယ်။

ကလေးမြို့နယ်တွင် UDP ပါတီဝင် ချင်းတိုင်းရင်းသား ၄၈၀၀၀ ကျော်ရှိပြီး တမူးခရိုင်တွင် ၂၂၀၀၀ ကျော်ရှိပါတယ်။

ကလေးမြို့နယ် UDP ပါတီဥက္ကဌ ဦးဟုန်းထန်က “ကျနော်တို့က ချင်းပါတီအောင်နိုင်ရေးအတွက် ဝိုင်းရံကာကွယ်ပေးမယ်။ ပါတီထဲဝင်တာတော့မဟုတ်ဘူး။ မဲတော့ ချင်းပါတီထဲမှာ ထည့်ပေးမယ်။ ဒီဟာက UDP ပါတီရဲ့ ရပ်ကျေးစည်းရုံးရေးမှူးတွေအားလုံးရဲ့ ဆုံးဖြတ်ချက်အရပါ။ ဒီနေ့လည်း ဝိုင်းရံကာကွယ်မယ့်ကိစ္စ လက်မှတ်ထိုးဖို့ရှိတယ်” လို့ပြောပါတယ်။

အောက်တိုဘာ (၃၁)ရက်ညနေပိုင်းတွင်လည်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌတို့အိမ်တွင် UDP ပါတီဦးဆောင်သူအချို့နဲ့ ချင်းပါတီတွေ အတူတကွ ညစာသုံးဆောင်ကြမယ်လို့သိရပါတယ်။

Zalen ad

ကလေးမြို့နယ် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ Pu Lian Nawn က “နှင်းဆီပါတီ ဥက္ကဌ ဦးဟုန်းထန်ကတော့ အပြည့်အဝထောက်ခံသွားမယ်လို့ပြောတယ်။ သူတို့ပါတီဝင်ထဲက ဗမာတွေကတော့ ကြံ့ခိုင်ရေးမှာမဲထည့်မယ့်သူလည်းရှိမယ်လို့တော့ပြောတယ်” လို့ပြောပါတယ်။

 

နောက်ဆုံးရသတင်းများ

ဘူးသီးတောင်မှာ AA က ရိုဟင်ဂျာ ရာနဲ့ ချီ သတ်ဖြတ်ခဲ့ကြောင်း HRW ထုတ်ပြန်

မေ ၁၉၊ ၂၀၂၉ Zalen ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဟိုယာဆီရီကျေးရွာမှာ ၂၀၂၄ ခုနှစ်က အာရကန်တပ်တော် (AA) ဟာ လက်နက်မဲ့ ရိုဟင်ဂျာ အရပ်သား ရာနှင့်ချီကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ ...

ဆက်ဖတ်ရန်