ဖလမ်းမြို့တွင် ညမထွက်ရအမိန့်သတ်မှတ်ထားတဲ့အချိန်အတွင်း မြို့တွင်းဝင်ခွင့်တားမြစ်

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ (ည ၁၂ နာရီ-မနက် ၄ နာရီ)အချိန်အတွင်း ဘယ်သူမှမြို့တွင်းဝင်ခွင့်မပြုဘူးလို့သတင်းရရှိပါတယ်။

ဒါ့ပြင် မင်းတပ်မြို့နယ်အပါအဝင် တိုင်းခြား၊ ပြည်နယ်ခြားမှဝင်ရောက်လာသူအားလုံး FQ ထားရှိမှာဖြစ်ပါတယ်။ ပြည်နယ်အတွင်းမြို့နယ်ခြားတွေကိုတော့ မြို့နယ် ထောက်ခံစာ ပါမှပဲ ဖလမ်းမြို့ကိုဝင်ခွင့်ပြုမှာဖြစ်တယ်။

ကုန်တင်ယာဉ်မောင်း နဲ့ ယာဉ်နောက်လိုက်တွေကိုတော့ မနက် (၁၀)နာရီမှ (၁၂)နာရီထိ ညနေ (၂)နာရီမှ ညနေ (၅)နာရီထိ swabs test ယူပြီး အဖြေပေါ်လာမှမြို့ဝင်ခွင့်ပြုမှာဖြစ်ပါတယ်။

ဖလမ်း Volunteer ခေါင်းဆောင် Salai Timmy Htut က “ကလေးမြို့ဆိုရင် ရောဂါတွေ့တဲ့ရပ်ကွက်ကလာရင် FQ ဝင်ရမယ်။ ရွေးကောက်ပွဲနောက်ပိုင်းပြန်တင်းကြပ်တာပါ။ swabs test ကခု ၁၄၀ လောက်ယူထားပြီ။ ဒီဟာက ၃ရက်ပဲခံတော့ ၃ ရက်ကြာသွားရင်တော့ ထပ်ယူဖို့လိုပါတယ်” လို့ပြောပါတယ်။

Zalen ad

လက်ရှိ ဖလမ်းမြို့တွင် ကလေးမြို့မှရောက်လာတဲ့ ကိုဗစ်-၁၉ လူနာ တစ်ဦးရှိပြီး FQ လုပ်ထားတဲ့သူ (၂၁)ယောက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ Tungtuang ရွာအနီး တိုက်ပွဲပြင်းထန်

မေ ၁၉၊ ၂၀၂၆ Zalen ချင်းပြည်နယ် မြောက်ပိုင်း၊ တွန်းဇံမြို့နယ်အတွင်းမှာ မေလ ၁၈ ရက်နေ့ ညနေပိုင်းကစပြီး ZRA-စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ ချင်လဲန်းကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ZRA ...

ဆက်ဖတ်ရန်