ပလက်ဝစစ်ဘေးရှောင်ရံပုံငွေအတွက် The Winner Live Show ပြုလုပ်မယ်

ပလက်ဝမြို့နယ် စစ်ဘေးရှောင် ဒုက္ခသည်ပြည်သူတွေအတွက် ရံပုံငွေဖျော်ဖြေပွဲကို Winner ဆုရှင် ချင်းတိုင်းရင်းသား အဆိုတော် (၆)ဦးက ဒီဇင်ဘာလ (၁၈)ရက်နဲ့ (၁၉)ရက်တွင် ဖျော်ဖြေမယ်လို့သတင်းရရှိပါတယ်။

ယင်းအစီအစဉ်ကို Chin Christian Alliance ကဦးဆောင်ပြီး Blessed Myanmar Entertainment ကနေ တင်ဆက်မှာဖြစ်ပါတယ်။
သီဆိုဖျော်ဖြေမယ့်အဆိုရှင်တွေကတော့ Dika, Leo, Soma, David Lai, J Mine My, Esther Dawt Chin Sung နဲ့ အထူးဧည့်သည်တော်တွေက ဖျော်ဖြေကြမှာဖြစ်တယ်။

ယင်းအစီအစဉ်တွင် ကြော်ငြာထည့်သွင်းချင်တဲ့ စီးပွားရေးလုပ်ငန်းများ Sponsorship အနေနဲ့ ပူးပေါင်းပါဝင်ချင်သော လုပ်ငန်းများ အလှုငွေထည့်ဝင်လှုဒါန်းချင်သူများ Messenger (Chin Christian Alliance ) ကနေ ဆက်သွယ်နိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။

(Zawgyi)

Zalen ad

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်