မတူပီနဲ့တမူးမှာ CLD ရွေးကောက်ပွဲဝင်မှာဖြစ်တဲ့တွက် ကန်ပက်လက်မှာ CNDP နဲ့ CPP ယှဉ်ပြိုင်ကြမယ်

ဒီနှစ် နိုဝင်ဘာလ(၃)ရက်မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေရာအတွက် CNDP(ချင်းအမျိုးသားဒီမိုကရေတက်ပါတီ) နဲ့ CPP(ချင်းတိုးတက်ရေးပါတီ)တို့ယှဉ်ပြိုင်ကြမယ်လို့သိရပါတယ်။

ကန်ပက်လက်မြို့နယ်ပြည်သူ့လွတ်တော်နေရာအတွက် ချင်းအမျိုးသားဒီမိုကရေတက်ပါတီရဲ့ ကိုယ်စားလှယ်လောင်းမှာ ဦးကီးထန်းလွန်ဖြစ်ပြီး၊ ချင်းတိုးတက်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းက ဦးမနားရှိုန်းဖြစ်ပါတယ်။

အရင်က ချင်း(၃)ပါတီက နှုတ်အားဖြစ် မြို့နယ်တစ်ခုမှာ ချင်းပါတီတစ်ခုသာ ယှဉ်ပြိုင်ကြရန်သဘောတူထားပါတယ်။ ယင်းကိစ္စနဲ့စပ်လျဉ်းပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ်(CLD)ဥက္ကဌ ဦးငိုင့်ဆာ့ခ်က “အရင်ကတည်းက ကြိုတင်တိုင်ပင်ထားတာမရှိတာကြောင့် နည်းနည်းအခက်အခဲရှိတယ်။ မတူပီက CLD၊ ကန်ပက်လက်က CNDP ပြိုင်ဖို့သဘောတူကြတယ်။ ဒါပေမယ့် တမူးမှာ CLD က ဆရာဦးချစ်မောင်က အရင်ကတည်းက ကြိုတင်ပြင်ဆင်ထားတာအများကြီးရှိတော့ ညှိုနှိုင်းရတယ်။ ကျနော်တို့ကတော့ CPP ဝင်ဖို့ဖြစ်စေချင်ပေမယ့်။ ဒါပေမယ့် ပါတီအားလုံးပေါင်းလာမှာဆိုတော့ CLD နိုင်ရင်လဲ CNLD ရဲ့ကိုယ်စားလှယ်ဖြစ်လာမှာဆိုတော့ သိပ်တော့ ကိစ္စမရှိဘူးလို့ပြောရမှာပေါ့နော်”လို့ဆိုပါတယ်။

ချင်းတိုးတက်ရေးပါတီ ဒုဥက္ကဌ ဦးကျော်ငြိမ်းက “တမူးမှာ ဝင်မပြိုင်တာက တခြားချင်းပါတီတွေအရွေးခံမှာဖြစ်တဲ့တွက် နေရာဖယ်ပေးတာပါ”လို့ပြောပါတယ်။

Zalen ad

မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာအတွက် CLD က ဆလိုင်းအောင်လျန်ကိုရွေးချယ်ထားပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်