(၁၀)ကြိမ်မြောက် ကမ္ဘာ့သံစုံသီချင်းဆိုပြိုင်ပွဲမှာ အိန္ဒိယနိုင်ငံကိုယ်စားသွားရောက်ယှဉ်ပြိုင်တဲ့ မီဇိုးရမ်ပြည်နယ်က Mizo Cardinal Choir သံစုံအဖွဲ့က ငွေတံဆိပ်ဆုရရှိပါတယ်။
ဒီပြိုင်ပွဲကို တောင်အာဖရိကနိုင်ငံ Tshwane မြို့မှာ ဇူလိုင်(၄)ရက်ကနေ (၁၄)ထိ ကမ္ဘာ့နိုင်ငံပေါင်း (၉၀)ကလာရောက်ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။ ရွှေတံဆိပ်ဆုကို စင်ကာပူနိုင်ငံက ရရှိထားပါတယ်။
Mizo Cardinal Choir သံစုံအဖွဲ့ဟာ အရင်နှစ် ၂၀၁၇ အောက်တိုဘာမှာကျင်းပတဲ့ အာရှပစိဖိတ်သံစုံသီချင်းဆိုပြိုင်ပွဲမှာ ပထမဆုဆွမ်းခူးခဲ့ပါတယ်။
Total Views:
0



