ချင်းပြည်နယ် ပင်ရင်း လိုင်ပီအန်ဘာသာနဲ့ ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ တိုင်းရင်းချင်းစာပေအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူး

ချင်းပြည်နယ် ပင်ရင်း လိုင်ပီအန်ဘာသာနဲ့ ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ တိုင်းရင်းချင်းစာပေအကြောင်းကို ကိုကမ်းခန့်စိန် (Princess Films)က မှတ်တမ်းရှပ်ရှင်ရိုက်ကူးနေတယ်လို့သိရပါတယ်။

ခုချိန်မှာ လိုင်ပီအန်ဘာသာကိုးကွယ်သူဟာ ချင်းပြည်နယ်နဲ့ ကလေးကဘော်ဘက်တွင် ငါးထောင်ခန့်ရှိမယ်လို့ခန့်မှန်းပြီး ၃၀ ရာခိုင်နှုန်းလောက်သာ လိုင်ပီအန်ဘာသာကအသုံးတဲ့ တိုင်းရင်းချင်းစာပေကို ဖတ်တတ်ရေးတတ်မယ်လို့ယူဆရပါတယ်။

မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ကိုကမ်းခန့်စိန် (Princess Films)က “ချင်းပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်(၁၀၀)ကို ပြန်ကြည့်ရင် ခုချိန်ထိမြင်တွေ့လို့ရတာက ပေါ်ကျင်ဟော စတင်ခဲ့တဲ့ တိုင်းရင်းချင်းစာပေနဲ့ လိုင်ပီအန် ဘာသာပဲဖြစ်ပါတယ်။ ဒါကို ကောင်းကောင်းမထိန်းသိမ်းဘူးဆိုရင် နောက်နှစ်(၅၀)မှာပျောက်ကွယ်သွားနိုင်တယ်”လို့ပြောတယ်။

ပေါ်ကျင်ဟော ဟာ ၁၈၅၉ ခုနှစ်မှာ တီးတိန်မြို့မှာမွေးဖွားပြီး ၁၉၄၈ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ ပေါ်ကျင်ဟောတီထွင်ထားတဲ့ တိုင်းရင်းချင်းစာပေကို ပထမဆုံး ၁၉၃၁ ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်မှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။

Zalen ad

လိုင်ပီအန်ဘာသာနဲ့ တိုင်းရင်းချင်းစာပေအကြောင်း မှတ်တမ်းရုပ်ရှင်ဟာ ဒီနှစ် မတ်လကနေစတင်ခဲ့ပြီး ဒီနှစ်ကုန်ပိုင်းမှာအပြီးသတ်နိုင်မယ်လို့ယူဆပါတယ်။

“အခု အကြမ်းတော့ပြီးသွားပြီ။ ဘုရားဝတ်ပြုတုန်းဆိုတဲ့ သီချင်းတွေက ခရစ်ယာန်ဓမ္မသီချင်းတွေနဲ့မတူပဲ ရိုးရာနဲ့ခေတ်သစ်သီချင်းရောထားတော့ တော်တော်နားထောင်လို့ကောင်းတယ်။ အဲဒါကို အသံသပ်သပ်ပြန်သွင်းချင်တယ်။ နိုင်ငံတကာထိပြသလို့ရအောင် ရည်ရွယ်ထားတယ်လေ။ အဲ့သီချင်းက တီးတိန်ဘက်က ချင်းရိုးရာနဲ့ဆက်စပ်နေတယ်”လို့ ကိုကမ်းခန့်စိန် (Princess Films)ကပြောပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်