CNDF မှ အကြမ်းဖက်စကစလက်ပါးစေ ရဲတပ်သားတစ်ဦး ဖမ်းဆီးထိန်းသိမ်းဟုဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ခွဲမှ ရဲတပ်သား မောင်ရာလ်လှေထန်း ကိုယ်ပိုင်အမှတ်- ၂၈၂၂၉၇ ကို နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဖလမ်းမြို့နယ် တနေရာမှာ CNDF တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CNDF ကထုတ်ပြန်ထားပါတယ်။

ရဲတပ်သား မောင်ရာလ်လှေထန်းဟာ CDM ပြုလုပ်မယ့် ဝန်ထမ်းတွေရဲ့သတင်းအချက်အလက်စုံစမ်းခြင်း၊ CNDF အင်အားဘယ်လောက်ရှိတယ်လို့ စုံစမ်းခြင်း၊ ၄င်းအနီးဝန်းကျင်က မိဘပြည်သူတွေကို ထိတ်လန့်ကြောက်ရွံ့စေခြင်းတို့ကြောင့် ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

CDM ပြုလုပ်ခြင်းမရှိပဲ အကြမ်းဖက် စစ်ကောင်စီအား ပံ့ပိုးပေးလျက်ရှိသော အကြမ်းဖက်လက်ပါးစေ အဆိုပါ ရဲဝန်ထမ်းအား နိုင်ငံတကာ စစ်ခုံရုံး စစ်ဥပဒေနဲ့အညီ ရေးဆွဲထားသော CNO/CNDF စစ်ဥပဒေဖြင့် လုံခြုံသည့် တစ်နေရာတွင် လိုအပ်‌သည့် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ကာ ထိန်းသိမ်းထားသည်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ဖလမ်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအား မတရားအာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင်၍ Civil Disobidience Movement တွင် ပါဝင်ကြရန်၊ ထိုသို့ လိုက်နာမှုမရှိသူများကို ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း CNO/CNDF က စက်တင်ဘာ ၇ ရက်နေ့က နောက်ဆုံးအကြိမ် သတိပေးထားပါတယ်။

Zalen ad

Zawgyi

CNDF မွ အၾကမ္းဖက္စကစလက္ပါးေစ ရဲတပ္သားတစ္ဦး ဖမ္းဆီးထိန္းသိမ္းဟုဆို

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံး၊ အကူတပ္ခြဲမွ ရဲတပ္သား ေမာင္ရာလ္ေလွထန္း ကိုယ္ပိုင္အမွတ္- ၂၈၂၂၉၇ ကို ႏိုဝင္ဘာ ၁၈ ရက္ေန႔တြင္ ဖလမ္းၿမိဳ႕နယ္ တေနရာမွာ CNDF တပ္ဖြဲ႔က ဖမ္းဆီးထိန္းသိမ္းထားတယ္လုိ႔ CNDF ကထုတ္ျပန္ထားပါတယ္။

ရဲတပ္သား ေမာင္ရာလ္ေလွထန္းဟာ CDM ျပဳလုပ္မယ့္ ဝန္ထမ္းေတြရဲ႕သတင္းအခ်က္အလက္စံုစမ္းျခင္း၊ CNDF အင္အားဘယ္ေလာက္ရွိတယ္လုိ႔ စံုစမ္းျခင္း၊ ၄င္းအနီးဝန္းက်င္က မိဘျပည္သူေတြကို ထိတ္လန္႔ေၾကာက္ရြံ႕ေစျခင္းတို႔ေၾကာင့္ ဖမ္းဆီးခဲ့တာလုိ႔ ထုတ္ျပန္ထားပါတယ္။

CDM ျပဳလုပ္ျခင္းမရွိပဲ အၾကမ္းဖက္ စစ္ေကာင္စီအား ပံ့ပိုးေပးလ်က္ရွိေသာ အၾကမ္းဖက္လက္ပါးေစ အဆိုပါ ရဲဝန္ထမ္းအား နိုင္ငံတကာ စစ္ခုံ႐ုံး စစ္ဥပေဒနဲ႔အညီ ေရးဆြဲထားေသာ CNO/CNDF စစ္ဥပေဒျဖင့္ လုံျခဳံသည့္ တစ္ေနရာတြင္ လိုအပ္‌သည့္ စစ္ေဆးေမးျမန္းျခင္းမ်ား ျပဳလုပ္ကာ ထိန္းသိမ္းထားသည္လို႔ထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။

ဖလမ္းၿမိဳ႕နယ္အတြင္းရွိ ဌာနဆိုင္ရာ အသီးသီးမွ ဝန္ထမ္းမ်ားအား မတရားအာဏာသိမ္း အၾကမ္းဖက္စစ္အုပ္စု၏ နိုင္ငံေတာ္အာဏာသိမ္းယူမႈကို ဆန႔္က်င္၍ Civil Disobidience Movement တြင္ ပါဝင္ၾကရန္၊ ထိုသို႔ လိုက္နာမႈမရွိသူမ်ားကို ထိေရာက္စြာ အေရးယူမည္ ျဖစ္ေၾကာင္း CNO/CNDF က စက္တင္ဘာ ၇ ရက္ေန႔က ေနာက္ဆံုးအၾကိမ္ သတိေပးထားပါတယ္။

 

 

နောက်ဆုံးရသတင်းများ

မြန်မာ အပါအဝင် နိုင်ငံ လေးနိုင်ငံကို UK က သင်ကြားရေးဗီဇာ ပိတ်

မတ် ၄၊ ၂၀၂၆Zalen မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆူဒန်နဲ့ ကင်မရွန်းစတဲ့ လေးနိုင်ငံကို သင်ကြားရေးဗီဇာ (Study Visa) ပေးတာရပ်ဆိုင်းလိုက်တယ်လို့ ယူကေအစိုးရက ထုတ်ပြန်ပါတယ်။ အဲဒီ နိုင်ငံတွေကနေ သင်ကြားရေးဗီဇာ (Study Visa)နဲ့လာပြီး နိုင်ငံရေးခိုလှုံသူတွေများလာတာကြောင့် ...

ဆက်ဖတ်ရန်