မိုင်းမတော်တဆမှုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၂ ဦးကျဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိန်ဇိန်ရွာအနီးမှာ ဒီနေ့ ဇန်နဝါရီ ၂၂ ရက်မနက် ၁၀ နာရီခွဲလောက်က မိုင်းမတော်တဆဖြစ်မှုကြောင့်PDF-Zoland က အသက် ၂၁ နှစ်အရွယ် ကိုမုန်နိုး နဲ့ CNA တပ်က ဆလိုင်း ကျူံးလျန်ဆန်တို့ ကျဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ကိုမုန်နိုးဟာ ကလေးနည်းပညာတက္ကသိုလ်မှာ တတိယနှစ်ပညာသင်ယူနေတဲ့ ကျောင်းသားလည်းဖြစ်ပါတယ်။ ဒါ့ပြင် ရဲဘော် ၂ ယောက်လည်း ဒဏ်ရာ (မစိုးရိမ်ရ) ရရှိကြပါတယ်။

၄င်းတို့ဟာ ဒီနေ့မနက် ရဟတ်ယာဉ်နဲ့ ဗုံးလာပစ်ပြီးနောက် ၄င်းတို့ထောင်ထားတဲ့မိုင်းကို သွားစစ်ကြည့်ရာ မတော်တဆပေါက်ကွဲသွားတာဖြစ်တယ်လို့ သိရတယ်။

Zawgyi

Zalen ad

မိုင္းမေတာ္တဆမႈေၾကာင့္ ခ်င္းကာကြယ္ေရးတပ္ဖြဲ႕က ရဲေဘာ္ ၂ ဦးက်ဆုံး

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္ ဟိန္ဇိန္ရြာအနီးမွာ ဒီေန႔ ဇန္နဝါရီ ၂၂ ရက္မနက္ ၁၀ နာရီခြဲေလာက္က မိုင္းမေတာ္တဆျဖစ္မႈေၾကာင့္PDF-Zoland က အသက္ ၂၁ ႏွစ္အရြယ္ ကိုမုန္နိုး နဲ႔ CNA တပ္က ဆလိုင္း က်ဴံးလ်န္ဆန္တို႔ က်ဆုံးသြားတယ္လို႔သတင္းရရွိပါတယ္။

 

ကိုမုန္နိုးဟာ ကေလးနည္းပညာတကၠသိုလ္မွာ တတိယႏွစ္ပညာသင္ယူေနတဲ့ ေက်ာင္းသားလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ရဲေဘာ္ ၂ ေယာက္လည္း ဒဏ္ရာ (မစိုးရိမ္ရ) ရရွိၾကပါတယ္။

၄င္းတို႔ဟာ ဒီေန႔မနက္ ရဟတ္ယာဥ္နဲ႔ ဗုံးလာပစ္ၿပီးေနာက္ ၄င္းတို႔ေထာင္ထားတဲ့မိုင္းကို သြားစစ္ၾကည့္ရာ မေတာ္တဆေပါက္ကြဲသြားတာျဖစ္တယ္လို႔ သိရတယ္။

နောက်ဆုံးရသတင်းများ

ကမ္ဘာ့မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးနိုင်ငံအဖြစ် မြန်မာက ထိပ်ဆုံးရောက်ရှိ

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် စံချိန်တင် ရောက်ရှိသွားတယ်လို့ Landmine and Cluster Munition Monitor ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာသစ်က ...

ဆက်ဖတ်ရန်