ကလေးမြို့ထဲမှာ စစ်ကောင်စီတပ်သားတွေ လက်နက်အပြည့်အစုံနဲ့ လျှပ်စစ်မီတာခစစ်ဆေး

ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ယနေ့ မေ ၂၃ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်သား အင်အား ၁၀ ယောက်ကျော်လိုက်ပါလာတဲ့ အဖွဲ့က တအိမ်တက်ဆင်းပြီး လျှပ်စစ်မီတာခစစ်ဆေးနေတယ်လို့သတင်းရရှိပါတယ်။

စစ်ကောင်စီတပ်တွေဟာ RPG လိုလက်နက်ကြီးတွေလည်း ကိုင်ဆောင်ကြတယ်လို့ မျက်မြင်တွေကဆိုပါတယ်။

မျက်မြင်တစ်ဦးက “သူတို့က မီတာဘုတ်ကိုလာကြည့်ကြတယ်။ ပြီးတော့ ဒီလ ၂၉ ရက်နေ့ လျှပ်စစ်ရုံးမှာလာခဲ့ကြလို့ပြောတယ်။ သူတို့က အိမ်ထဲထိဝင်လာပြီးတော့ စစ်ဆေးကြတယ်။ သူတို့က မီတာခကောက်တာအပြင် တခြားရည်ရွယ်ချက်လည်းရှိနိုင်တယ်” လို့ပြောပါတယ်။

အရင်ပတ်ကစပြီး စစ်ကောင်စီတပ်တွေနဲ့အတူ တာဟန်း၊ တောင်ဖီလာရပ်ကွက်တွေမှာ တစ်အိမ်တက်ဆင်းနဲ့ မီတာခစစ်ဆေးနေကြပါတယ်။

Zalen ad

Zawgyi

ကေလးၿမိဳ႕ထဲမွာ စစ္ေကာင္စီတပ္သားေတြ လက္နက္အျပည့္အစုံနဲ႔ လွ်ပ္စစ္မီတာခစစ္ေဆး

ကေလးၿမိဳ႕၊ တာဟန္းရပ္ကြက္မွာ ယေန႔ ေမ ၂၃ ရက္ မနက္ပိုင္းကစၿပီး စစ္ေကာင္စီတပ္သား အင္အား ၁၀ ေယာက္ေက်ာ္လိုက္ပါလာတဲ့ အဖြဲ႕က တအိမ္တက္ဆင္းၿပီး လွ်ပ္စစ္မီတာခစစ္ေဆးေနတယ္လို႔သတင္းရရွိပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ RPG လိုလက္နက္ႀကီးေတြလည္း ကိုင္ေဆာင္ၾကတယ္လို႔ မ်က္ျမင္ေတြကဆိုပါတယ္။

မ်က္ျမင္တစ္ဦးက “သူတို႔က မီတာဘုတ္ကိုလာၾကည့္ၾကတယ္။ ၿပီးေတာ့ ဒီလ ၂၉ ရက္ေန႔ လွ်ပ္စစ္႐ုံးမွာလာခဲ့ၾကလို႔ေျပာတယ္။ သူတို႔က အိမ္ထဲထိဝင္လာၿပီးေတာ့ စစ္ေဆးၾကတယ္။ သူတို႔က မီတာခေကာက္တာအျပင္ တျခားရည္႐ြယ္ခ်က္လည္းရွိႏိုင္တယ္” လို႔ေျပာပါတယ္။

အရင္ပတ္ကစၿပီး စစ္ေကာင္စီတပ္ေတြနဲ႔အတူ တာဟန္း၊ ေတာင္ဖီလာရပ္ကြက္ေတြမွာ တစ္အိမ္တက္ဆင္းနဲ႔ မီတာခစစ္ေဆးေနၾကပါတယ္။

နောက်ဆုံးရသတင်းများ

မီဇိုးယာဉ်မောင်းတဦးသေဆုံးခဲ့တာကြောင့် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်လမ်းပြန်ဖွင့်ပြီ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ နယ်စပ်လမ်းများကို လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ လောင်တလိုင်ခရိုင် နဲ့  မြန်မာ ( ...

ဆက်ဖတ်ရန်