ကလေးမြို့သို့ စစ်ကောင်စီလေယာဉ်ဖြင့် လက်နက်ခဲယမ်းနဲ့ စစ်ကောင်စီတပ်သားများ အင်အားလာဖြည့်

စစ်ကောင်စီတပ်ပိုင် ထောက်ပို့လေယာဉ်နဲ့ ကလေးမြို့ လေဆိပ်သို့ ၂ ရက်ဆက်တိုက် လက်နက်ခဲယမ်းပစ္စည်းတွေလာချသွားတယ်လို့သတင်းရရှိပါတယ်။

စစ်ကောင်စီတပ်ပိုင် ထောက်ပို့လေယာဉ်တစ်စီးဟာ ဇွန် ၂၃ ရက်တွင် တစ်ကြိမ်၊ ၂၄ ရက်တွင်တစ်ကြိမ် ကလေးမြို့ လေဆိပ်သို့လာရောက်ဆင်းသက်သွားပါတယ်။

လေယာဉ်ပေါ်ကနေ ၄ပေ၊ ၂ ပေအရွယ် သေတ္တာနဲ့ ၂ပေ ပတ်လည်သေတ္တာတွေကို စစ်ကားတွေပေါ်မှာပြန်လည်တင်ဆောင်ကြတယ်လို့သိရတယ်။

ကလေးမြို့ကနေ လေယာဉ်ပြန်တက်တဲ့ချိန်မှာ ဒဏ်ရာရထားတဲ့ စစ်ကောင်စီတပ်လူနာတွေကို တင်ဆောင်သွားကြပါတယ်။

Zalen ad

အရင်ပတ်ကလည်း မန္တလေးကနေပျံသန်းလာတဲ့ ခရီးသည်လေယာဉ်ပေါ်မှာ ခရီးသည်တွေနဲ့ရောနှောပြီး ကလေးမြို့လေဆိပ်သို့ အရပ်သားအဝတ်နဲ့ ဆင်းလာကြတယ်လို့သိရတယ်။

လေယာဉ်တစ်စီးပေါ်မှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သား ၃၀ ကျော်စီးနင်းလျက်ရှိကြောင်းလည်းသိရပါတယ်။

Zawgyi

ကေလးၿမိဳ႕သို႔ စစ္ေကာင္စီေလယာဥ္ျဖင့္ လက္နက္ခဲယမ္းနဲ႔ စစ္ေကာင္စီတပ္သားမ်ား အင္အားလာျဖည့္

စစ္ေကာင္စီတပ္ပိုင္ ေထာက္ပို႔ေလယာဥ္နဲ႔ ကေလးၿမိဳ႕ ေလဆိပ္သို႔ ၂ ရက္ဆက္တိုက္ လက္နက္ခဲယမ္းပစၥည္းေတြလာခ်သြားတယ္လို႔သတင္းရရွိပါတယ္။

စစ္ေကာင္စီတပ္ပိုင္ ေထာက္ပို႔ေလယာဥ္တစ္စီးဟာ ဇြန္ ၂၃ ရက္တြင္ တစ္ႀကိမ္၊ ၂၄ ရက္တြင္တစ္ႀကိမ္ ကေလးၿမိဳ႕ ေလဆိပ္သို႔လာေရာက္ဆင္းသက္သြားပါတယ္။

ေလယာဥ္ေပၚကေန ၄ေပ၊ ၂ ေပအ႐ြယ္ ေသတၱာနဲ႔ ၂ေပ ပတ္လည္ေသတၱာေတြကို စစ္ကားေတြေပၚမွာျပန္လည္တင္ေဆာင္ၾကတယ္လို႔သိရတယ္။

ကေလးၿမိဳ႕ကေန ေလယာဥ္ျပန္တက္တဲ့ခ်ိန္မွာ ဒဏ္ရာရထားတဲ့ စစ္ေကာင္စီတပ္လူနာေတြကို တင္ေဆာင္သြားၾကပါတယ္။

အရင္ပတ္ကလည္း မႏၱေလးကေနပ်ံသန္းလာတဲ့ ခရီးသည္ေလယာဥ္ေပၚမွာ ခရီးသည္ေတြနဲ႔ေရာေႏွာၿပီး ကေလးၿမိဳ႕ေလဆိပ္သုိ႔ အရပ္သားအဝတ္နဲ႔ ဆင္းလာၾကတယ္လုိ႔သိရတယ္။

ေလယာဥ္တစ္စီးေပၚမွာ အရပ္ဝတ္နဲ႔ စစ္ေကာင္စီတပ္သား ၃၀ ေက်ာ္စီးနင္းလ်က္ရွိေၾကာင္းလည္းသိရပါတယ္။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်