ပလက်ဝမြို့တွင် ရွေးကောက်ပွဲအတွက်ဆိုတာ အိမ်ထောင်စုစာရင်း စစ်ဆေးမှုများ ပြုလုပ်

အာဏာသိမ်း စစ်ကောက်စီဟာ လာမယ့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု မကြာမဏ ပြောကြားခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေး အားကောင်းနေသော ချင်းပြည်နယ်မှာလည်း ခုနောက်ပိုင်း ရွေးကောက်ပွဲအတွက်ဟု ဆိုကာ အိမ်ထောင်စုစာရင်းစစ်ဆေးမှုများလည်း ပြုလုပ်လာပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာတော့ ဇူလိုင်လ ၂၂ ရက်နေ့က စပြီး ရွေးကောက်ပွဲအတွင်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောပါတယ်။

“ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး ရက်ကွက်အုပ်ချုပ်ရေးမှူးတွေက လာပြီး ရပ်ကွက်ရုံးကို အိမ်ထောင်စု စာရင်းယူလာဖို့ပြောတော့ ကျွန်မတို့ကလည်း သွားရတာပေါ့။ အဲ့မှာ ဘာတွေစစ်သလဲဆိုတော့ အိမ်ထောင်စု စာရင်းထဲမှာပါတဲ့ သူတွေ အိမ်မှာ ရှိမရှိကို စစ်တာပေါ့။ မရှိရင်လည်း မရှိတဲ့သူတွေက ဘယ်မှာနေလဲ မေးတောပေါ့ ၊ သူတို့ကတော့ ရွေးကောက်ပွဲအတွက်လို့တော့ ပြောတာပဲ” ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက်ဟုဆိုကာ အိမ်ထောင်စုစာရင်းစစ်ခြင်းများ ပြုလုပ်နေသော်လည်း ဒေသခံများကတော့ ဒါဟာ စစ်ကောင်စီ၏ တော်လှန်ရေးလုပ်ငန်း အားယုတ်စေရန် လုပ်ဆောင်မှုတစ်ခုလည်းဖြစ်နိုင်ကြောင်း ပလက်ဝဒေသခံတစ်ဦးကတော့ ပြောပါတယ်။

Zalen ad

ထို့အပြင် ပလက်ဝမြို့နယ်ဟာ NUG အစိုးရလှုပ်ရှားမှု ချင်းပြည်နယ်က အခြားမြို့များထက် အားနည်းနေသော မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်