ကလေးမြို့နယ် သာယာကုန်းရွာတိုက်ပွဲမှာ PDF-Kalay ရဲဘော်တစ်ဦးကျဆုံး

ကလေးမြို့တောင်ဘက် သာယာကုန်းရွာအနီးမှာ သြဂုတ်လ ၃ ရက်ကစစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ လက်နက်ကြီးထိမှန်လို့ PDF-Kalay တပ်ရင်း ၆ တပ်ခွဲ ၂ က ရဲဘော် ဝေမင်းသော် (၁၉နှစ်) ကျဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ယမန်နေ့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၃ ဦး အသေးစားဒဏ်ရာရရှိပြီး စစ်ကောင်စီဘက်ကလည်း အကျအဆုံးများတယ်လို့သိရတယ်။

296798282_596677381856445_1096190846757239846_n

PDF-Kalay တပ်ရင်း ၆ ဦးဆောင်သူတစ်ယောက်က “အခုကျသွားတဲ့ရဲဘော်က ညီအကိုနှစ်ယောက်တည်းရှိတာ။ ကျနော်တို့ ကလေးခရိုင်အမှတ်(၆)တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတာ။ အကိုဖြစ်သူက ဆေးတပ်မှာ၊ ညီဖြစ်သူက လက်နက်ကိုင်။ အခု တိုက်ပွဲမှာ ညီဖြစ်သူ တိုက်ပွဲကျတော့ အကိုဖြစ်သူကဘယ်လောက်တောင်ခံစားလိုက်ရမလဲ။ ကျဆုံးရဲဘော် ဝေမင်းသော် က အသက် (၁၉ နှစ်) ဘဲရှိသေးတယ်။ ကျောင်းနေအရွယ်ဗျ။ ကျောင်းနေအရွယ် ဒီအရွယ်လေးက အာဏာရှင်စနစ်ဆိုတာ ထက် အမှန်တရားအတွက်တိုက်ပွဲဝင်ရင်းအသက်ပေးသွားခဲ့တာဗျ”လို့ပြောပါတယ်။

Zalen ad

ယနေ့ သြဂုတ်လ ၄ ရက်တွင်လည်း ကလေးမြို့နယ်တောင်ပိုင်း ကလေးနည်းပညာတက္ကသိုလ် တောင်ဘက် သာယာကုန်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် PDF (Kalay) ၊ ပ.က.ဖ (ကလေး) ၊ CNDF ၊ CDF – KKG နှင့် RKDF ပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။

297567405_151369924218762_7336111338738984881_n

အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ သြဂုတ် ၂ ရက်နေ့ကစပြီး ယနေ့ထိ သာယာကုန်းရွာအနီးမှာတိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး သာယာကုန်းရွာက အပြစ်မဲ့အမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးကာ သတ်ဖြတ်ကြပါတယ်။

ဒါကြောင့် သာယာကုန်းရွာနဲ့ အနီးနားကျေးရွာကပြည်သူတွေဟာ ဘေးလွတ်ရာသို့တိမ်းရှောင်ကြပါတယ်။ သာယာကုန်းရွာဟာ ကလေး-ဂန့်ဂေါကားလမ်းမဘေးတွင်ရှိပြီး ကလေးမြို့နဲ့ ၆ မိုင်ကျော်ကျော်လောက်သာဝေးပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်