ကလေးမြို့တောင်ဘက်မှာ နှစ်ရက်အတွင်း ပြည်သူ့ကာကွယ်ရေးတပ် ၃ ဦးကျဆုံးပြီး ၁၇ ဦးဒဏ်ရာရ

ကလေးမြို့နယ်တောင်ဘက် သာယာကုန်းရွာအနီးမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား ၃ရက်ကြာတိုက်ပွဲဖြစ်ပွားရာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၃ ဦးကျဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိကြတယ်လို့ သက်ဆိုင်ရာကသတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၃ ရက်နေ့တွင် PDF (Kalay)တပ်ဖွဲ့က တစ်ဦးကျဆုံးပြီး ယနေ့ သြဂုတ် ၄ ရက်တွင် ပ.က.ဖတပ်ဖွဲ့ဝင် ၂ ဦးထပ်မံကျဆုံးသွားတယ်လို့သိရတယ်။

ဒါ့ပြင် PDF (Kalay) တပ်ဖွဲဝင် ‌၁၀ ဦး၊ CNDF – Vakok တပ်ဖွဲဝင် ၂ ဦး ၊ ပ.က.ဖ တပ်ဖွဲဝင် ၄ ဦး၊ RKDF တပ်ဖွဲဝင် ၁ ဦး စုစုပေါင်း ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိကြပါတယ်။

အခုလို ကျဆုံးနဲ့ ဒဏ်ရာရရှိသူများတာဟာ အာဏာသိမ်းစစ်ကောင်စီတပ်က ကလေးနည်းပညာတက္ကသိုလ်နဲ့ ကလေးမြိုအတွင်းရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အတွင်းမှ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်တာကြောင့်လို့လည်းသိရတယ်။

Zalen ad

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ယနေ့ညနေပိုင်းတွင် သာယာကုန်းရွာအတွင်း လက်နက်ကြီးပစ်လို့ လူနေအိမ်တွေပျက်စီးသလို မီးရှို့လို့လူနေအိမ် ၅ လုံးမီးလောင်သွားပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်