ရိခေါ်ဒါရ်မြို့တိုက်ပွဲမှာ စစ်ကောင်စီ တပ်ရင်းမှူးအပါအဝင် ၅ ဦးသေဆုံးပြီး ၄ ဦးလက်နက်မဲ့အလင်းဝင်လာ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့အမှတ် (၂)ရပ်ကွက်တောင်ကုန်းပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့သြဂုတ်လ ၁၀ မနက် ၂ နာရီကနေ ၇ နာရီအထိတိုက်ခိုက်ရာ စစ်ကောင်စီတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဝေမျိုးပိုင်အပါအဝင် ၅ ဦးသေဆုံးသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ၄ ဦးလက်နက်မပါဘဲ အလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

ဒီမနက်တိုက်ပွဲမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှာ CDM-Siyin, PDF Zoland, CNDF နဲ့ Mountain Eagle Defense Force (MEDF) တို့ပါဝင်ကြပါတယ်။ ပြည်သူတွေဘက်ကတော့ CDM-Siyin က ရဲဘော်တစ်ဦး ဒဏ်ရာ (မစိုးရိမ်)ရရှိထားပါတယ်။

ရိခေါ်ဒါရ်မြို့ အမှတ် (၁)ရပ်ကွက်မှာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကနေ လက်နက်ကြီး ၁၅ ကြိမ်လောက်ပစ်ခတ်ပြီး မြို့ထဲမှာတစ်လုံးကျကာ အရပ်သားတစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြပါတယ်။

ဒရုန်းနဲ့ဗုံးကြဲလို့သဆေုံးသွားတဲ့ စစ်ကောင်စီတပ်ရင်းမှူးဟာ ဧရာဝတီတိုင်း ဟင်္သာတမြို့အခြေစိုက် ခလရ ၁၈ ကနေ ရိခေါ်ဒါရ်မြို့ကိုပြောင်းရွေ့တာဝန်ကျတဲ့သူဖြစ်ပါတယ်။ အလောင်းကို သယ်ယူဖို့ ဖလမ်းမြို့တပ်စခန်းကနေ ရဟတ်ယာဉ်စီစဉ်နေတယ်လို့လည်းကြားသိရပါတယ်။

Zalen ad

တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က အကျအရှုံးများလို့ မနက် ၉ နာရီလောက်တွင် ဂျက်လေယာဉ်တစ်စီး အကြိမ်ကြမ်ပျံဝဲလာပါတယ်။

ယင်းတောင်ကုန်းပေါ်က စစ်ကောင်စီစခန်းကို Mountain Eagle Defense Force MEDF တပ်ဖွဲ့က ဩဂုတ်လ ၁ ရက်၊ ၂ ရက်၊ ၃ ရက်၊ ၆ ရက်နှင့် ၇ ရက်ညတွင် ညလုံးပေါက်ဒရုန်းဖြင့် ဗုံးသီး ၄၅ လုံးကျော်ပစ်ချလို့ စစ်ကောင်စီကတုတ်ကျင်းများ၊ တဲများပျက်စီးသွားပြီး သေဆုံးသူလည်းရှိနိုင်တယ်လို့
MEDF ကထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်