အိန္ဒိယနိုင်ငံသို့နယ်စပ်ဖြတ်ကျော်ရန် Border Pass ကဒ်လုပ်ဖို့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းပြဖို့လို

မြန်မာနိုင်ငံမှ အိန္ဒယနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ဖို့ border Pass ကဒ်ပြုလုပ်ရာတွင် နိုင်ငံသာစိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စုစာရင်းပြဖို့လိုအပ်တယ်လို့ ရိခေါ်ဒါရ် လ.ဝ.ကရုံးကြီးကြပ်ရေးမှူး ဦးတေဇာလင်းကပြောပါတယ်။

Photo: Iprd Rihkhawdar

ယင်း Border Pass (BP)စနစ် ဖြင့် ချင်းပြည်နယ် ဖလမ်းခရိုင်နဲ့ မီဇိုရမ်ပြည်နယ် Champhai ခရိုင်အတွင်း ၁၄ ရက် ၁၃ ညအိပ် လည်ပတ်ဝင်ထွက် သွားလာနိုင်ပါတယ်။

ဦးတေဇာလင်းက “Border Pass ကဒ်လုပ်တဲ့သူက နည်းနည်းလေးပဲရှိသေးတယ်။ ရိခေါ်ဒါရ်မြို့ ဒေသခံတွေတောင် ကဒ်ကို ဘယ်လိုလုပ်ရမလဲဆိုတာ မသိသေးတော့ ကာလတစ်ခုထိတော့ နားလည်မှုနဲ့ BP ကဒ်မပါပဲ အိန္ဒိယဘက်ကိုသွားခွင့်ပြုထားတယ်။ အိန္ဒိယဘက်က ကားတွေကို ရိရေကန်ထိပဲဝင်ခွင့်ပြုထားတယ်။ စာအုပ်ဖိုးက (၅၀၀)ကျပ်၊ မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စုစာရင်းမိတ္တူမပါရင် ဒီမှာ မိတ္တူကူးပေးရတော့ (၈၀၀)ကျပ်ယူတယ်”လို့ပြောတယ်။

Photo: Iprd Rihkhawdar

Border Pass ကဒ်ပြုလုပ်ရန် ငွေကြေးပေးစရာမလိုကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ်က မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဝင်ထွက်ပေါက် ဖွင့်ပွဲအခမ်းအနားကျင်းပတဲ့ သြဂုတ်(၈)ရက်နေ့မှာ ဒေသခံတွေဆီပြောပေမယ့် လက်ရှိ BP ကဒ်လုပ်တဲ့သူတွေကို ငါးရာကျပ်ကောက်ခံနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

Zalen ad

 

နောက်ဆုံးရသတင်းများ

ဖလမ်းနဲ့ဟားခါးမြို့နယ်ထဲကကျေးရွာများကို စစ်တပ်ဗုံးကြဲ

ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၆Zalen ဖလမ်းနဲ့ဟားခါးမြို့နယ်ထဲကကျေးရွာများကိုစစ်တပ်ဗုံးကြဲ ၁၉ ၊ ဖေဖော်ဝါရီလ၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ၊ ကျင်ခွါကျေးရွာ ( Cinkhua ) ၊ ဇိုခွါကျေးရွာ (Zokhua) နဲ့ ...

ဆက်ဖတ်ရန်