ပလက်ဝတွင် ပျောက်သွားသော အမျိုးသားကို ရှာရင်း အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ အပေါင်းသားရွာက အသက် ၄၀ ကျော်အရွယ် Non-CDM မူလွန်ကျောင်းအုပ်တစ်ဦးဟာ ပြီးခဲ့တဲ့ ၂ ရက်ခန့်က တောထဲမျှစ်ရှာမယ်ဆိုပြီးအိမ်ကနေထွက်သွားရာ ပြန်မလာသောကြောင့် ဒီကနေ့ သြဂုတ် ၂၄ ရက်မှာတော့၎င်းဇနီးသည် (၄၀နှစ်)က တစ်ယောက်တည်း တောထဲသွားရှာခဲ့ရာ မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

၎င်းအမျိုးသမီး သေဆုံသွားသော သတင်းကို စစ်တပ်က ရွာသားများကို အကြောင်းကြားခဲ့ကြောင်း ဆိုပါတယ်။

“စစ်တပ်က သတင်းလှမ်းပေးတာ၊ မိုင်းသံကြားတယ်၊ တစ်ယောက်ယောက် မိုင်းနင်းမိတယ်ထင်တယ်” ဆိုပြီး စစ်တပ်က လှမ်းပြောတော့ ရွာထဲမှာလည်း တောထဲ ထွက်သွားတဲ့သူဆိုလို့ သူ့ယောက်ျားကို သွားရှာခဲ့သော အမျိုးသမီးပဲ ရှိတယ်။ သွားကြည့်ကြတော့ အဲ့အမျိုးသမီးဖြစ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပျောက်ဆုံးသွားသော သူ့အမျိုးသားကို ရှာဖွေရန် ဘယ်သူမှ မသွားရဲကြသောကြောင့် ၎င်းအမျိုးသမီးဟာ တောထဲကိုတစ်ယောက်တည်း ထွက်သွားခဲ့ကြောင်း ဆိုပါတယ်။ ရွာသားတွေကတော့ မသွားဖို့ ဝိုင်းတားခဲ့ကြပေမယ့် အမျိုးသမီးကတော့ ယောကျ်ားကို တစ်ယောက်တည်း တောထဲသွားရှာခဲ့ပါတယ်။

Zalen ad

သေဆုံးသွားသော အမျိုးသမီးတွင် ကလေး ၃ ယောက်ရှိကြောင်းလည်း သိရပါတယ်။ ပျောက်ဆုံးသွားတဲ့ ကျောင်းအုပ်က ယနေ့ညနေ ၆ နာရီလောက်ကအိမ်ပြန်ရောက်လာပြီး အခု ရဲစခန်းမှာ မေးမြန်းခံနေရတယ်လို့သိရတယ်။ လက်ရှိ ၎င်းရဲ့ ကလေးတွေနဲ့သာတွေ့ခွင့်ရတယ်လို့သိရတယ်။

လက်ရှိအချိန်မှာတော့ အပေါင်းသားရွာက လူအများစုကလည်း ရွာထဲမှာ မနေရဲကြတော့ပဲ ပလက်ဝမြို့ပေါ်ကို ပြောင်းရွေ့လာကြကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်