ချင်းတောင် ကော်ဖီ၊ ဝဥ၊ ပိုးစာသီးနှံများအကြောင်းသုတေသနလုပ်ဖို့ ညိုနှိုင်းအစည်းအဝေးကျင်းပ

ချင်းပြည်နယ်အတွင်းရှိ ကော်ဖီ၊ ဝဥ၊ ပိုးစာသီးနှံတွေနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာနဲ့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ပူးပေါင်းပြီး သုတေသနလုပ်ဖို့ ညိုနှိုင်းအစည်းအဝေးကို သြဂုတ်လ(၁၄)ရက်မှာ နေပြည်တော် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှာပြုလုပ်ပါတယ်။

ဓာတ်ပုံ- မင်းလွင်ဦး

တီးတိန်မြို့နယ် ထေးဇန်ကော်ဖီခြံတာဝန်ခံ ဦးမင်းလွင်ဦးက “အခုက အတူပူးပေါင်းဖို့ ပဏာမဆွေးနွေးထားတာပါ။ ဘယ်ချိန် သုတေသနလုပ်မလဲဆိုတာ မသိရသေးဘူး။ ချင်းပြည်နယ်မှာဆိုရင် ခုချိန်ထိပျိုးတွေဖြန့်ဝေတဲ့ထဲမှာ ဘယ်မျိုးကအကောင်းဆုံးလဲ၊ အသင့်တော်ဆုံးလဲဆိုတာ အဖြေမထုတ်နိုင်သေးဘူး။ မြို့နယ်တစ်မြို့နယ်မှာဆို ပင်လယ်ရေမျက်နှာပြင်အနိမ့်အမြင့်ကမတူတော့ ကော်ဖီကလည်း ပင်လယ်ရေမျက်နှာပြင်အနိမ့်အမြင့်ပေါ်မူတည်ပြီးအရည်အသွေးကကောင်းတာဆိုတော့ အဲ့ဒါမျိုးကအစ သုတေသနလုပ်မယ်။ ကျနော်တို့ စိုက်ပျိုးရေးဌာနကလည်း ကိုယ့်နည်းကိုယ်ဟန်နဲ့တော့ သုတေသနလုပ်ပါတယ်။ ဒါပေမယ့် စိုက်ပျိုးရေးသုတေသနအဖွဲ့ကတော့ ပိုပြီးပစ္စည်းကိရိယာတွေပြည့်စုံတော့ သူတို့နဲ့ပူးပေါင်းပြီးလုပ်ခြင်းအားဖြစ် ပိုထိရောက်မှာပေါ့”လို့ပြောပါတယ်။

Zalen ad

 

နောက်ဆုံးရသတင်းများ

ကျင်းဒွေး ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေရှိ

ဧပြီ ၃၀၊၂၀၂၆Zalen ကဆုန်လပြည့်နေ့ ၊ ညောင်ရေသွန်းပွဲတော် ကို မြို့ကြီးတွေမှာ မြန်မာပြည်ငြိမ်းချမ်းနေသယောင် ကျင်းပနေတဲ့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ ရက် ...

ဆက်ဖတ်ရန်