မတူပီမြို့တွင် စစ်တပ်က အခြေခံစားသောက်ကုန် ရောင်းချရာ ဆိုင်ပိုင်ရှင်များက အဓိက ဝယ်ယူ

ချင်းပြည်နယ် ၊ မတူပီမြို့၊ စန်ဘောင်ရွက်ကွက်တွင် စစ်တပ်က အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ဒီကနေ့ စက်တင်ဘာ ၁၉ ရက်မနက်တွင် လုံခြုံရေးအပြည့်နဲ့ ရောင်းခဲ့ရာ မြို့ပေါ်က ဈေးဆိုင်ဖွင့်သူများက အဓိက ဝယ်ယူနေကြကြောင်း မြို့ခံများက ပြောပါတယ်။

စားအုန်းဆီ ၁ ပိဿာကို အပြင်မှာ ၁သောင်း ဖြင့်ဝယ်ရပြီး စစ်တပ်က ၈၀၀၀ ဖြင့် ရောင်းချပေးခဲ့ကြောင်း ဆိုပါတယ်။

“အဓိကတော့ စစ်တပ်က ဦးဆောင်ပြီး ရောင်းတာပေါ့၊ လုံခြုံရေးအင်အားကတော့ အပြည့်ပဲ ရဲရော၊ စစ်သားရော။ ဈေးနှုန်းကတော့ အပြင်က ဈေးနှုန်းနဲ့ သိပ်ပြီး မကွာဘူး။ ၁၀၀၀ ၊ ၂၀၀၀ လောက်ပဲ ကွာတယ်။ သူတို့ကတော့ အစုံရောင်းတာပဲ၊ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆန် အစုံတော့ရှိပါတယ်။ ပြည်သူတွေက လာဝယ်ကြတယ် ဆိုတာထက် ဈေးဆိုင်ဖွင့်ထားတဲ့ လူတွေက သူတို့ပြန်ရောင်းဖို့ လာဝယ်ကြတော့ စစ်တပ်က လာရောင်းတဲ့ ပစ္စည်းတွေက ကုန်သွားတာပေါ့” ဟု မြို့ခံတစ်ဦးက ပြောပါတယ်။

ခုလို စစ်တပ်က ပြည်သူများ ခက်ခဲနေချိန်တွင် အခြေခံစားသောက်ကုန်များကို အပြင်ဆိုင်က ဈေးနှုန်းထက် သက်သော ဈေးနှုန်းဖြင့် ရောင်းချခြင်းဟာ ပြည်သူက စစ်တပ်ကို မုန်းနေတာသိတော့ ပြည်သူများကို မျက်နှာချို သွေးလိုတာ ဖြစ်ကြောင်း မတူပီမြို့ခံ တစ်ဦးကတော့ သုံးသပ်ထားပါတယ်။

Zalen ad

စစ်ကောင်စီဟာ သက်သာဈေးနဲ့ ဟားခါးမြို့တွင် စက်တင်ဘာ ၁၀ ရက်ကလည်းကောင်း၊ ဖလမ်းမြို့တွင် စက်တင်ဘာ ၁၂ ရက်က လည်းကောင်း၊ တီးတိန်မြို့တွင် စက်တင်ဘာ ၁၄ ရက်က လည်းကောင်း ရောင်းချကြပြီး မင်းတပ်နဲ့ ပလက်ဝမြို့တွင်လည်း သက်သာဈေးနဲ့ ကုန်ပစ္စည်းတွေရောင်းချဖို့စီစဉ်နေကြောင်းသိရတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်