ပလက်ဝမြို့တွင် ကျောင်းအုပ်ဆရာကြီးတစ်ဦးကို စစ်တပ်က ဖမ်းဆီး

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့သစ် အထက (ခွဲ) ကျောင်းတွင်း အလယ်တန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဦးကျော်ဝင်းနိုင် (အသက် ၄၀ ခန့်) ကို မနေ့က အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းကျောင်းဆင်းပြီးနောက် ပလက်ဝမြို့အခြေစိုက် တပ်ရင်းဖြစ်တဲ့ ခလရ ၂၈၉ က မေးမြန်းစရာရှိတယ်ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဦးကျော်ဝင်းနိုင်ကို ဖမ်းဆီးပြီးနောက် သူ့ကို ဘယ်နေရာတွင် ထားရှိကြောင်းကို မိသားစုဝင်များလည်း မသိကြောင်းနှင့် သူ့ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စုံစမ်း မေးမြန်းလို့လည်း မရကြောင်းလည်း ဆိုပါတယ်။

ဦးကျော်ဝင်းနိုင်ဟာ ပလက်ဝမြို့တွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ရခိုင်လူမျိုး တစ်ယောက်ဖြစ်ပါတယ်။

ဦးကျော်ဝင်းနိုင်ဟာ စစ်တပ်က black list ထည့်ထားသောသူ ၁၉ ဦးတွင် တစ်ဦးအပါဝင်ဖြစ်ကြောင်း ဒေသခံများကတော့ ကောလဟာလ ကြားနေကြပြီး နောက်ကျန်သေးသော ၁၈ ဦးဟာလည်း ဘယ်သူလယ်ဝါဖြစ်မှန်းကို မသိရသောကြောင်း၊ စစ်တပ်က မည်သူ့ကို မဆို အချိန်မရွေးလာရောက် ဖမ်းဆီးခြင်းလည်း ပြုလုပ်နိုင်ကြောင်းလည်း ဆိုကြပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်