မြန်မာပြည်ဘက်တွင်နွားများ ရောဂါတစ်မျိုးကူးစက်တာကြောင့် မီဇိုရမ်က နွားတင်သွင်းမှုပိတ်ပင်

အိန္ဒိယနယ်စပ် မြန်မာပြည်ဘက်တွင် နွားများ ရောဂါတစ်မျိုးကူးစက်နေတာကြောင့် မီဇိုရမ်ပြည်နယ် ကျင်ဖိုင်ခရိုင်က နွားတင်သွင်းမှုကို ခေတ္တပိတ်ထားကြောင်း သတင်းရရှိပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တွင်တိုက်ပွဲမကြာခဏဖြစ်ပွားလို့ စစ်ဘေးရှောင်နေကြတာကြောင့် နွားပိုင်ရှင်တွေဟာ ၎င်းတို့နွားကိုရောင်းချပြီး မီဇိုရမ်ပြည်နယ်နဲ့ မဏီပူရ်ပြည်နယ်ဘက်သို့ ကုန်တင်ကားတွေနဲ့ တင်ပို့ရောင်းချနေကြပါတယ်။

မြန်မာပြည်ဘက်ကတင်သွင်းလာတဲ့ အမဲသားတွေဟာ အရသာပိုရှိလို့ မီဇိုရမ်ဒေသခံတွေက အလုအယှက်ဝယ်ယူတတ်ကြပါတယ်။

ဟားခါးမြို့နယ်က နွားတွေ ခွာနာ၊ လျှာနာတွေခံစားကြပြီး အချို့နွားတွေ သေဆုံးကြတယ်လို့သိရတယ်။ စစ်ကိုင်းတိုင်းဘက်က တင်ဆောင်လာတဲ့ နွားတွေမှာလည်း ရောဂါကူးစက်တာတွေရှိတယ်လို့ဒေသခံတွေထံကသိရတယ်။

Zalen ad

ဒါကြောင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင်အုပ်ချုပ်ရေးမှူးက မြန်မာဘက်က နွားများတင်သွင်းခွင့်မရ၊ ရောဂါမရှိရင်လည်း တနေရာနဲ့ တနေရာသို့နွားများတင်ပို့ခြင်းမပြုရလို့ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာသဖြင့် ပြည်သူတွေ လေကြောင်းအန္တရာယ် အထူးသတိပြုရန် လိုအပ်

မတ် ၂၅၊ ၂၀၂၆ Zalen ယောဒေသအတွင်းမှာ စစ်ကောင်စီရဲ့  လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြင်းထန်လာသဖြင့် ပြည်သူတွေ လေကြောင်းအန္တရာယ် အထူးသတိပြုရန် လိုအပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ယောကာကွယ်ရေးတပ်(YDF) ရဲ့ တပ်စခန်းတွေနဲ့ အရပ်သားတွေ ...

ဆက်ဖတ်ရန်