ပလက်ဝတွင် ဆန်ဝယ်စရာ မရှိသောကြောင့် ဆန်ဝေပေးရန် ပြည်သူများကတောင်းဆိုနေ

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ ဆန်ပြတ်လပ်တာ ၂ လ ခန့်ကြာလာပြီးနောက် တာဝန်ရှိသူများက မြို့အတွင်း ဆန်ရောင်းချပေးရန် တောင်းဆိုခဲ့ရကြောင်း သိရပါတယ်။

ထိုကဲ့သို့ တောင်းဆိုမှုပြုလုပ်ပြီးနောက် မကြာသေးခင်ကရက်ပိုင်းအတွင်း ပလက်ဝမြို့အခြေစိုက် ခလရ ၂၈၉ တပ်ရင်းတွင် ဆန်များ ရောက်ရှိလာကြောင်း သိရပါတယ်။

“ပြည်သူလူထု၏ တောင်းဆိုမှုပြီးနောက် ခလရ ၂၈၉ မှာ ရောက်လာပြီလို့ သိရတယ်။ ဒါပေမယ့် အဲ့ဆန်တွေကို ဘယ်လို ခွဲဝေမလဲ၊ မြို့ပေါ်က လူတွေအတွက်ကော လုံလောက်မှာလား ဆိုတာကို ကျွန်တော်တို့လည်း မပြောတက်ဘူး” ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်လောက်ကပဲ ပလက်ဝမြို့ခံတစ်ဦးက မြို့ပေါ်မှာ ဆန်ပြတ်လပ်နေသောကြောင့် မကြာခင် ဆန်ပြုတ်သောက်ရတော့မည့် ကိန်းဆိုက်နေကြောင်း ပြောခဲ့ဖူးတာဖြစ်ပါတယ်။

Zalen ad

ပလက်ဝမြို့အတွက် အဓိက အခြေခံစားသောက်ကုန် တင်သွင်းရာလမ်းကြောင်းဖြစ်တဲ့ ပလက်ဝ-ကျောက်တော် ရေကြောင်းလမ်းကို စက်တင်ဘာလ ၉ ရက်နေ့ကစပြီး စစ်တပ်က ကုန်တင်ခွင့်ပိတ်ပင်ခဲ့သောကြောင့် ပလက်ဝမြို့ပေါ်တွင် စားနပ်ရိက္ခာများ ပြတ်လပ်လာတာဖြစ်ပါတယ်။

ထိုရေကြောင်းလမ်းကို ပြန်ဖွင့်ပေးရန် အရပ်ဖက်အဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်တို့ကလည်း တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း အရာမရောက်ခဲ့ကြောင်းလည်း သိရပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်