ဂြိုဟ်တုလွှတ်တင်မှု ကုန်ကျစရိတ် ၅၀ ရာခိုင်နှုန်းကျဆင်းစေမည့် အိန္ဒိယနိုင်ငံက ပုဂ္ဂလိကဒုံပျံ Skyroot ကုမ္ပဏီ

အိန္ဒိယနိုင်ငံက ပထမဆုံး ပုဂ္ဂလိက အာကာသကုမ္ပဏီဟာ လာမယ့် ၂၀၂၃ ခုနှစ်တွင် အာကာသပတ်လမ်းအတွင်းသို့ ဂြိုဟ်တုစေလွှတ်ရန် စီစဉ်ထားပြီး ထို့ကဲ့သို့ လုပ်ဆောင်ခြင်းကလည်း အခြားသော နာမည်ကြီးကုမ္ပဏီများအသုံးစရိတ် ထက်ဝက်ဖြင့်သာ ပြုလုပ်မယ်လို့ Skyroot Aerospace ကုမ္ပဏီကို စတင်တည်ထောင်သူများက ပြောပါတယ်။

ဟိုက်ဒရာဘတ်တွင် အခြေချထားသော ကုမ္ပဏီဖြစ်တဲ့ Skyroot ကုမ္ပဏီဟာ စင်္ကာပူအစိုးရ၏ ပံ့ပိုးမှုကို ရရှိထားသော ကုမ္ပဏီဖြစ်ပြီး မကြာသေးခင်က ရရှိထားသော ကန်ဒေါ်လာ ၆၈ သန်း ဟာ ဂြိုဟ်တုလွှတ်တင်မှု ၂ ကြိမ်အတွက် လုံလောက်သော ငွေပမာဏဖြစ်ကြောင်း ဆိုပါတယ်။ Skyroot ဟာ သူတို့၏ ဝန်ဆောင်မှုကို အသုံးပြုလာနိုင်သော ဖောက်သည် ၄၀၀ ကျော်နဲ့လည်း အဆက်အသွယ်ရှိထားပါတယ်။

315064364_623212852931652_2753719187763702642_n

Skyroot ကုမ္ပဏီဟာ လာမယ့်နှစ်များအတွင်း ဂြိုဟ်တုထောင်ပေါင်းများစွာကို လွှင့်တင်ရန် စီစဉ်ထားပြီး SpaceX၊ Starlink ကဲ့သို့ ဝန်ဆောင်မှုများကို ပေးသော လုပ်ငန်းများကို ဆောင်ရွက်ရန် စဉ်ထားပြီး ကုန်စည်ပို့ဆောင်မှု သို့မဟုတ် ကမ်းလွန်လောင်စာဆီထုတ်လုပ်မှုများကိုလည်း စောင့်ကြည့်ပေးသော ဝန်ဆောင်မှုမျာကိုလည်း ဆောင်ရွက်ရန် စီစဉ်ထားပါတယ်။

Zalen ad

တရုတ်နိုင်ငံက အာကာဆိုင်ရာကုမ္ပဏီတစ်ခုဖြစ်တဲ့ Galactic Energy ကလည်း ပြီးခဲ့တဲ့အပတ်တွင် အာကာသပတ်လမ်းအတွင်းပိုင်းသို့ ဂြိုဟ်တု ၄ ကို အောင်မြင်စွာ စေလွှတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဂျပန်နိုင်ငံတွင်လည်း Space One ကုမ္ပဏီဟာ တစ်နှစ်ကို ဂြိုဟ်တုအသေးစား ၂၀ ခန့် လာမယ့်နှစ်အများအတွင်း လွှတ်တင်ရန် စီစဉ်နေပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့အပတ်တွင် ဂြိုဟ်တုလွှတ်တင်မှုကို စတင်စမ်းသပ်ခဲ့တဲ့ Skyroot ကတော့ ဂြိုဟ်တုလွှတ်တင်ခြင်း ကုန်ကျစရိတ်ကို ၅၀ ရာခိုင်နှုန်းအထိ လျော့ချနိုင်ရန် ရည်မှန်းထားပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းပြည်ကောင်စီရဲ့ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့အပေါ် ဒေသခံပြည်သူတို့ရဲ့ အမြင်သဘောထား မှတ်ချက်များ

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ Defense Coordination Team (TDC) ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ ချင်းပြည်နယ်အတွင်း အရွယ်ရောက်ပြီး သူတွေကို ချင်းပြည်တပ်ပေါင်းစုအတွက် တပ်သားသစ်တွေ စုဆောင်းသွားတော့မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ...

ဆက်ဖတ်ရန်